အခန်း (၁၆)

190 3 0
                                    

အခန်း (၁၆ )

"ဒေါက်!...ဒေါက်!....ဒေါက်!"
တံခါးခေါက်သံ ကြားလို့ မယ်အိပ်နေရာမှ နိုးလာခဲ့လေသည်။မယ့်ကို ဖက်ထားသော ဦးနေ လက်ကိုဖယ်ကာ မယ်တံခါးဖွင့်ပေးမိ၏။ကိုပိုင်သက်ပင်။

"မယ် ကိုနေ နိုးပြီလား"
"ဟင့်အင်း "
"နိုးလိုက်တော့ မယ်၊ကျွန်တော်တို့ ဒီနေ့မနက် ဆေးရုံကို လာရင် ကိုနေ့ကို ခေါ်ခဲ့ဖို့ ဖုန်းဆက်လာတယ်"
"ဟုတ် ကိုပိုင်သက်"
"ဪ မယ်၊မနက်စာကို အခန်းထဲ လာပို့ပေးမယ်"
"ဟုတ် ကိုပိုင်သက် ကျေးဇူးပါ"

ကိုပိုင်သက်လှည့်ကာ ပြန်သွားလေမှ မယ်တံခါးပိတ်ကာ ကုတင်အနားပြန်လာမိ၏။ ဦးနေဟာ မယ်လက်ကလေးချခဲ့သည့်အတိုင်း ဘေးစောင်းလေး အိပ်နေတုန်းပင်။

မယ်ပြုံးမိကာ ဦးနေပါးလေးအား ဖိကပ်နမ်းဖြစ်လိုက်မိသည်။
"အင်း "
"ဦးနေ ထတော့တဲ့၊ဆေးရုံကို ဦးနေပါ လိုက်ရမယ်တဲ့"
"ခုနလို ခိုးနမ်းရင် ထမယ်"
"အို မယ်ဘယ်မှာ ခိုးနမ်းလို့လဲ"

နေပြုံးလိုက်မိလေသည်။ မယ် သူ့လက်အား ဘေးသို့ ချစဉ်ကတည်းက နိုးနေမိခြင်းပင်။ဒါကို မသိတဲ့မယ်ဟာ သူ့ပါးအား ခိုးနမ်းသတဲ့။

မယ် ပြုံးကာထသော ဦးနေအား ကြည့်ကာ ပြုံးမိလိုက်သည်။ကုတင်ထက်က ခြေတွဲလျောင်းခိကာ မတ်ရပ်ထရပ်တဲ့ ဦးနေ မေးဖျားအား မယ်နမ်းမိပြန်၏။
မယ့်ရဲ့ ထူးဆန်းလှတဲ့ အနမ်းတွေကြောင့် နေဟာ ရယ်ရင်း
"ပြောပါအုံး မယ်၊ဘာကြောင့် အခုမနက် အနမ်းတွေချီ ပေးနေတာလဲ"
"မျက်နှာသစ်ရအောင် ဦးနေ ၊ဆေးရုံသွားဖို့ နောက်ကျမယ်"

သူ့အမေးကို မဖြေပဲ ရေချိုးခန်းထဲ ခေါ်သွားတဲ့ မယ့်ကြောင့် နေပြုံးလို့သာ နေမိသည်။သူ၏ ပြုံးသာနေသော မျက်နှာကို ပိုင်သက်သာ မြင်ရင် မုန်းတယ်လို့ ပြောလွန်းတဲ့ ကောင်မလေးကြောင့် အဲ့သလောက်ပြုံးနေရသလားလို့ပေါ့။

မယ် သွားတိုက်ဆေးထည့်ကာ ဦးနေလက်ထဲ ထည့်ပေးလိုက်တော့ စတင်သွားတိုက်လေ၏။
‌မယ်သည် ကြည်လင် ချောမော သန့်စင်သော ဦးနေ၏ မျက်နှာချောချောကို မမှိတ်မသုန် စိုက်ကာကြည့်နေမိသည်။

!!!ဦးနေသာ အမြင်အာရုံပြန်ရရင် မယ့်ထက် မမသစ္စာအနား သွားမှာမို့လား ဦး‌နေ၊ဒါကြောင့် မယ် ဦးနေကို အဝနမ်းထားပါရစေ၊ဒါ‌ပေမဲ့ မယ်မျှော်လင့်မိတယ်၊ဦးနေသာ မယ့်လက်ကို မလွှတ်ရင် ဒီကမ္ဘာမှာ အပျော်ဆုံးက မယ်ဖြစ်မှာ !!!

နှလုံးသားထဲက သံစဉ်Where stories live. Discover now