အခန်း (၁၁)

185 5 0
                                    

အခန်း (၁၁)

နေ လက်တစ်ဖက်က လေးလံကာ နာကျင်မှုကြောင့် နိုးလာခဲ့ရလေ၏။ သူ သေချာနားစိုက်ထောင်မိချိန်တွင် သူ့လက်မောင်းအား ခေါင်းအုံးကာ သူရင်ဘတ်အား ဖက်ကာထားလေတဲ့ မယ်၏ အသက်ရှုသံ တိုးတိုးလေးအား ကြားနေရ၏။

နေ ပြုံးကာ ရင်ဘတ်ပေါ်က လက်ကလေးအား အသာမလို့ ဘေးဘက်ကို ကျထားမိသည်။ ခေါင်းလေးအား သေချာစမ်းကိုင်ကာ ခေါင်းအုံးထက်ချကာ သူ့လက်အား ထုတ်ယူမိလိုက်သည်။

ညက အချိန်တော်တော်ကြာသည်အထိ ငိုနေတဲ့ မယ့်အား ချော့ကာ သိပ်ရသေးသည်။သူမလေး အိပ်ပျော်သွားပြန်တော့လည်း နေ သတိထား အိပ်စက်ရ၏။
အိပ်မက်ဆိုး မက်ကာ နောက်တစ်ဖန် လန့်မှာ ဆိုးရသေးသည်။
မယ့်ဘေးကနေ အသာထကာ နေ ရင်းနှီးနေကျ အခန်းမို့ ရေချိုးခန်းအား စမ်း၍ သွားမယ်အလုပ် တံခါးခေါက်သံကြားရလေ၏။

"ကျစ် ဝင်ခဲ့"
"ကိုနေ"
"ရှုး တိုးတိုး ငါ့ကို ဟိုဘက်အခန်းမှာ မျက်နှာသစ်ဖို့ လိုက်ပို့ပေး"
"ဟုတ် ကိုနေ"

ပိုင်သက်ရဲ့အကူအညီဖြင့် နေ မျက်နှာသစ်ရန် ထ‌ွက်လာခဲ့လေသည်။ အခန်းအပြင်ရောက်မှာ
"မယ် အိပ်နေတာ နိုးမှာဆိုးလို့ ဘာလို့ တံခါးကို အရမ်းခေါက်ရတာလဲ"
"ဗျာ ခွိး"

ကိုနေ့ရဲ့ စောစောစီးစီး ရန်တွေ့သံကြောင့် ပိုင်သက် အသံပင်ထွက်အောင် ရယ်မိသည်။

"မွေးနေ့သွားရမှာလေ ၇ နာရီ တရားအမီသွားမှ မိုးနဲ့ အေးဆေးပြောရမှာလေ"
"ဘယ်နှစ်နာရီ ထိုးပြီလဲ"
"၆ ခွဲ"
"မယ်နိုးမှ သွားရမှာပေါ့"

နေတို့နှစ်ယောက် စကားပြောရင်းပင် အခန်းတစ်ခန်းရှိ ရေချိုးခန်းထဲ ရောက်ရလေ၏။ ကိုနေ မျက်နှာသစ်ရန် အားလုံးပြင်ဆင်ပေးပြီး မျက်နှာသစ်စေလိုက်၏။
အားလုံးပြီးစီးမှ ကိုနေတို့အိပ်ခန်းကို ပြန်ပို့ရပြန်ပြီ။

"သွားတော့ ပိုင်သက်"
"အထဲ မပို့ရတော့ဘူးလား"
"မပို့နဲ့"
"ဟုတ် ကိုနေ"

ပိုင်သက် အခန်းတံခါးဖွင့်ကာ ဝင်သွားလေတဲ့ ကိုနေ့ကိုကြည့်ပြီး
"အခုတော့ သူ့စိတ်သူနားလည်လောက်ပြီ"

နှလုံးသားထဲက သံစဉ်Where stories live. Discover now