အခန်း (၁၀)

171 3 0
                                    

အခန်း (၁၀)

"ပို့သူက ဘယ်သူမို့လဲ"
"ဒေါက်တာ သစ္စာတဲ့၊နေဂုဏ်ထည်၏ ဇနီးလောင်း သစ္စာတဲ့"
"ဘာ"
"ဟုတ်တယ် ကိုနေ"
"ပါဆယ် ဖွင့်ကြည့်"
"ဟုတ်"

ကိုနေ၏ အပြောကြောင့် ပိုင်သက် ပါဆယ်ဘူးအား ဖွင့်ကြည့်ရာ စာတစ်စောင်နှင့် ဓာတ်ပုံများစွာ ပါလေသည်။

"စာနှင့် ဓာတ်ပုံတွေ၊ဓာတ်ပုံတွေက ကိုနေတို့ accident ဖြစ်တုန်းက မသစ္စာရဲ့ သွေးအလူးလူးပုံတွေ"
"ဘယ်လို စာဖတ်ကြည့် ပိုင်သက်"
"ဟုတ် ကိုနေ"

ပိုင်သက်စာရွက်ခေါက်အား ဖြေကြည့်ရာ လှပဝိုင်းဆက်သော လက်ရေးကို မြင်မိလိုက်သည်။

"✉️ကို သစ္စာကို မေ့သွားပြီလား၊သစ္စာတို့ရဲ့ ချစ်ခြင်း၊ပျော်ရွှင်စရာကို ဖျက်ဆီးခဲ့တဲ့ သူကိုမှ ကိုက လက်ထပ်ခဲ့တယ်လား၊သစ္စာ လူ့လောကကြီးရဲ့ တစ်နေရာမှာ အသက်ရှင်လျက်ရှိသေးတယ်ကို၊ကိုအခု လက်ထပ်လိုက်တဲ့ မယ်ဟာ သစ္စာကို သေလူလုပ်ခိုင်းခဲ့တယ်ကို ၊အခုတော့လေ သစ္စာ မခံစားနိုင်တော့ဘူး၊ကို့အနား ပြန်လာချင်ပြီ ကို၊သစ္စာကို အခုထိ ချစ်နေသေးတယ်မို့လား ကို၊သစ္စာ ကို့ဆီ ရက်ပိုင်းအတွင်း ရောက်အောင်လာခဲ့မယ် ကို✉️တဲ့ ကိုနေ"

"သစ္စာ သစ္စာက အသက်ရှင်သေးတယ် ဟုတ်လား ပိုင်သက်၊မင်းတို့ ပြောတော့ သစ္စာ သေပြီဆို၊မယ်က ဘာလို့ အဲ့လိုလုပ်ရတာလဲ"
"ကိုနေ မသစ္စာရဲ့ လက်ရေးတိုက်ကြည့်ရအောင် "
"အင်း ပိုင်သက် ၊ဗီဒိုအဖြူရောင်အကန့်မှာ သစ္စာနဲ့ငါ့ပုံရဲ့ နောက်မှာ သစ္စာလက်ရေးရှိတယ်၊တိုက်ကြည့်"
"ဟုတ် ကိုနေ"

ပိုင်သက်ရဲ့ ခြေသံကို ကြားရပြီး ဗီဒို ဖွင့်သံကိုပါ နေကြားရ၏။
"တွေ့ရဲ့လား ပိုင်သက်"
"တွေ့ပါတယ် ကိုနေ"
"တူလား ပိုင်သက်"

နေ အလောတကြီး မေးလိုက်ပေမဲ့ ပိုင်သက်ဆီက စကားသံထွက်ပေါ်မလာပေ။
"ပိုင်သက်"
"တူတယ် ကိုနေ၊လက်မှတ်ကအစ "

နေဆိုဖာထက် ထိုင်ချကာ ဒူးနှစ်ပေါ် လက်တင်၍ မျက်နှာပြင်အား အဓိပ္ပာယ်မဲ့ ပွတ်သပ်နေမိသည်။
စိတ်ညစ်ညူးသွားတဲ့ ကိုနေ၊မယုံနိုင်ဖွယ် ကိစ္စကို တွေးတောနေမှာ ဧကန်နတ္တိ။

နှလုံးသားထဲက သံစဉ်Where stories live. Discover now