အခန်း (၂၀)
(ဇာတ်သိမ်းပိုင်း)ည၏ မြိန်မြမြ မှိတ်တုတ်တုတ် အလင်းရောင်အောက်တွင် ဂီတာကို ရင်ခွင်ထဲပိုက်လို့ သီချင်းရေးစပ်ကာ သံစဉ်ညှိနေတဲ့ ဦးနေပုခုံးတစ်ဘက်ပေါ် မယ့်ခေါင်းလေး မြှေးတင်ကာ နေပြီး သံစဉ်တွေအားနားထောင်မိခိုက်
"မယ်"
"ရှင်"
"အိပ်ချင်နေပြီလား"
"ဟင့်အင်း၊ ဦးနေ"
"ဗျာ"
"မယ် ပြောစရာရှိလို့"
"အင်း ပြော ကိုနားထောင်နေတယ်"နေ ပြောစရာရှိလို့ဆိုကာ သူ့ကို ငေးမောနေတဲ့ မယ့်အား ငဲ့ကြည့်၍ လက်ထဲမှ ဂီတာကို ချကာ မယ်နှင့်မနက်ချင်းဆိုင် လှည့်ထိုင်လိုက်သည်။
"ပြောလေ မယ်"
"မနေ့ကလေ "
"အင်း "
"မယ် Studio ကိုသွားတော့ ကားတစ်စီးအနောက်ကနေ လိုက်လိုက်နေတာ ၃ရက်ရှိပြီ၊အပြန်လည်း အိမ်အထိ လိုက်လာတယ်"
"ဟင် ဟုတ်လား"
"ဟုတ် မယ်တော့ မသိဘူး၊မမမိုး သတိထားမိတာ"နေ မယ့်အပြောကြောင့် မျက်မှောင်ကျုံ့ကာ စဥ်စားနေမိသည်။
"မနက်ကြရင် ကိုလိုက်ပို့မယ်"
"ဦးနေ အားလို့လား"
"မယ့်အတွက်ဆို အားတယ်"မယ့်ကိုယ်လေးအား ပုခုံးမှ ဆွဲကာ ဖက်ရင်း ပါးပြင်လေးအား နစ်ဝင်အောင် ဖိကပ်အနမ်းမိလိုက်လေ၏။
!!!မယ့်ကို ဘယ်သူက လိုက်ကြည့်နေတာလဲ၊ဒုက္ခပေးမဲ့သူလား!!!
မယ်ရဲ့ တောင်းဆိုချက်က နေ လွန်ခဲ့တဲ့ ခုနှစ်နှစ်က အမှုကို ဒီတိုင်းထားလိုက်ရ၏။ ဦးနေ မယ့်ကို"မယ် အိပ်တော့မလား"
"ဟင့်အင်း သီချင်းဆိုပြ"
"အဟွန်း အိုကေ "နေ မယ့်ကိုယ်လေးအား လွှတ်ပေးပြီး ဂီတာကို ပြန်လည် ယူလိုက်လေသည်။ဂီတာ လက်ကွက်ကို တစ်ချက်နှစ်ချက် ပြန်တီးကာ
"🎶 တူတူ တူတူ ဒူဒူ ဒူဒူ ကိုယ်မင်းကို သိစေချင်တယ်🎵ကိုယ့်ဟာ မင်းကို အချစ်ဆုံးပါ🎶ကိုယ်ဟာ မင်းဘက်က ရပ်တည်မဲ့ လူပါ🎶ကလေးရေ🎶ကိုယ့်ရင်ထဲ အမြဲရှိမဲ့ သူဟာ.... မင်းပါ🎼
မင်းကို ထာဝရ ချစ်နေမယ်🎶မင်းကို ထာဝရ ချစ်ခွင့်ပေးပါ🎵ကလေးရေ🎼ကိုယ်မင်းကို သိစေချင်
တယ်🎶မင်းဟာ ကိုယ်ရဲ့အချစ်ရဆုံးသူပါ🎵🎶သီချင်းလေး အဆုံးသတ်တွင်တော့ မယ် ပျော်ရွှင်ကြည်နူးမှုကြောင့် မျက်ရည်လေးများ လည်သွားရသည့်အထိပင်။
နေ ဂီတာကို ချကာ မယ့်အား လက်နှစ်ဘက်ဆန့်တန်းရင်ဖွင့်ကြိုဆိုမိ၏။
မယ် ဦးနေရင်ခွင်ထဲ တိုးဝင်ဖက်ထားမိ၏။
"ချစ်တယ် မယ်"
မယ့်နှုတ်ခမ်းလွှာလေးထက် နေရစ်မူးမိတော့ မယ်ပါ ပြန်လည် နမ်းရှိုက်လာမှုကြောင့် ကျေနပ်ပီတိဖြစ်မိလေသည်။မယ့်ကိုယ်လေးထက် ပွေ့ချီကာ နေကုတင်ဆီသို့ လျှောက်လှမ်းလာခဲ့လေရာ
"ဦးနေ"
ကုတင်လေးထက် မယ့်ကိုယ်လေးကို လှဲလျောင်းစေပြီး သူပါ မယ့်ကိုယ်ပေါ်အုပ်မိုးလိုက်မိ၏။
နဖူးပြင်လေးအား ဖိကပ်အနမ်းပေးမိချိန်
"မယ် အိပ်တော့မယ်"
"အဟား ရရိုးလား"
နှာချောင်းထိပ်လေးအား နေ အသည်းယားစွာဖိကိုက်လိုက်တော့
"ဦးနေ" ဆွဲဆွဲငင်ငင် သူမလေး၏ ခေါ်သံကြောင့်
"အသည်းယားပြီး ချစ်လို့"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...