အခန်း (၁၈)
"သစ္စာ မာမီ ခွင့်မပြုဖူး သမီး ၊ဖြတ်လိုက်စနဲ့ ဖြတ်လိုက်ပါ သမီးရယ်၊မာမီတို့ သမီးကို ခက်ခက်ခဲခဲ ကယ်လာခဲ့ရတာပါ"
"ဟင့်အင်း မာမီ၊သမီး ကို့ကို ချစ်တယ်၊ကို့အနားပဲ နေချင်တယ်"
"သမီးကိုယ်တိုင် ရွေးချယ်ခဲ့တာမဟုတ်ဘူးလား၊သမီးပဲ မျက်မမြင် ဒုက္ခိတအနားမှာ သမီးအချိန်တွေ မကုန်ဆုံးချင်ဘူးဆို"
"အို မသိဘူး မာမီ၊သစ္စာ အလုပ်လဲ ထွက်လာခဲ့ပြီ၊လေယာဉ်လက်မှတ်လည်း ဖြတ်လာခဲ့ပြီ၊သစ္စာ မနက်ဖြန် ဖလိုက်နဲ့ မြန်မာပြည် ပြန်မယ်"သစ္စာ မာမီ့ကို ပြောဆိုပြီး အခန်းထဲသို့ ဝင်လာခဲ့လေသည်။သန့်နီလာ သမီး၏ ကျောပြင်အား ကြည့်ကာ စိတ်မောရပြန်၏။ သမီးကို မြန်မာပြည်သို့ မပြန်စေချင်။တစ်ချိန်က သူမလုပ်ခဲ့သော လုပ်ရပ်အား ကြောက်ရွှံ့နေမိ၏။ မမှန်မကန်လုပ်ခဲ့သော လုပ်ရပ်ကြောင့် ခင်ပွန်းသည်အား အပါခေါ်ကာ ဘန်ကောက်သို့ ပြေးလာခြင်းပင်။
"သန့် မင်း သမီး အလုပ်ကထွက်လာတယ်ဆိုပဲ"
"အင်း ဟုတ်တယ်၊ အခုပဲပြောတယ်"
"ဘာဖြစ်ပြန်ပြီလဲ"
"နေဂုဏ်ထည် အနား ပြန်နေမလို့တဲ့"
"အေး နေချင်သပါ့ဆို မယားငယ်ပဲ ဖြစ်လိမ့်မယ်၊ဟိုက အိမ်ထောင်ကျနေပြီ"
"ဘယ်လို ဦးမြတ်သီ ၊ရှင့်သမီးနော်"
"အေး ငါ့သမီးမို့ ပြောနေတာလေ"ဦးမြတ်သီ သမီး၏မင်္ဂလာဆောင်ပွဲနေ့က ဖြစ်ပွားခဲ့တဲ့ accident သည် သူ့ဇနီးသန့်၏ ပိတ်ယောဂ မကင်းတာ သိခဲ့ရသည်။ဒါကြောင့် သန့်ပြောသလို မယ်ဆိုတဲ့ကောင်မလေးဆီက သိန်း၁၂၀၀ ယူ၍ ဘန်ကောက်သို့ ပြောင်းရွှေ့လာခဲ့ခြင်းပင်။
"ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်သို့ မကြာမီ အချိန်အတွင်းမှာ ဆိုက်ရောက်တော့မှာ ဖြစ်ပါတယ်ရှင်"
လေယာဉ်မယ်လေး၏ ကြေငြာချက်ကြောင့် သစ္စာ အတွေးတွေထဲကနေ လက်တွေ့ဆီသို့ ရောက်လာခဲ့ရလေသည်။
လေယာဉ်ပြေးလမ်းတစ်လျှောက် လေယာဉ်ဘီးချ ပြေးလွှားချိန်ဝယ် သစ္စာ ရင်တွေ ခုန်နေရ၏။ ပြန်မရောက်တာ ခုနှစ်နှစ်တာ အချိန်ရှိပြီဖြစ်တော့ အရာရာဟာ တိုးတက်ပြောင်းလဲလို့ လေပြီ။
သစ္စာ လေဆိပ်ကနေ ကားငှားကာ ဟိုတယ်သို့ လာခဲ့လေသည်။
သစ္စာဘန်ကောက်မှာ ဆက်လက် ဆေးပညာသင်ကြားစဉ်က ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဖြင့်ဆက်သွယ်လိုက်လေတော့
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romansအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...