အခန်း (၁၇)

184 4 0
                                    

အခန်း (၁၇)

" ဦးနေ အဆင်ပြေလား ဟင်"
"အဟွန်း ကိုက အဆင်ပြေတယ်လေ မယ်ရယ်"
"ဟုတ်တယ်နော် မယ်ပဲ လက်ဖျားတွေ အေးပြီး ကြောက်နေမိတယ်"
"ကို့ကို မစိုးရိမ်နဲ့နော်၊မာမီ မယ့်ကို စောင့်ရှောက်ပေးပါအုံးနော်"
"အေးပါ သားရယ် ၊သမီးမယ်လေး မှဲ့တစ်ပေါက် မစွန်းစေရပါဘူးရှင်"

နောက်မိနစ်ပိုင်းဆို နေ မျက်စိခွဲစိတ် အစားထိုးတော့မယ်၊မယ့်ရဲ့ စိုးရိမ်ကြောက်ရွှံ့နေမှုကြောင့် အေးစက်နေတဲ့ လက်ကလေးအား ဆုပ်ကာ အနွေးဓာတ် ပေးနေပေမဲ့ သူလည်း တကယ်တော့ စိုးရိမ်နေမိတာပါ။ခွဲစိတ်မှု မအောင်မြင်ရင် သူတစ်သက်လုံး အနက်ရောင်ကမ္ဘာထဲ ရှင်သန်ရတော့မယ်။

"ကိုနေဂုဏ်ထည် ခွဲခန်းထဲ ဝင်ပါမယ်၊ဒေါက်တာ ခန့်ဝေနိုင်လည်း ရောက်လာပါပြီနော်"

မာမီကတော့ မနက်က ရောက်လာလေ၏။
သားနေခွဲခန်းဝင်သွားတာနဲ့ ဒေါ်ဝင့်ဝင့်သူ မယ့်ကိုယ်လေးအား ဖက်ထားမိလေသည်။ သမီးမယ်အား နှစ်သိမ့်နေပေမဲ့ သူလည်း စိုးရိမ်နေမိ၏။

ပိုင်သက်သည်လည်း ခွဲခန်းရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေသည်။
၂ နာရီကြာလေမှ  ခွဲစိတ်ခန်းတံခါးဖွင့်လို့လာရာ
"ခွဲစိတ်မှု အောင်မြင်ပါတယ်"
"မာမီ"
"အင်း သမီးလေး"

ခွဲခန်းထဲမှ နေ့အား လူနာခန်းထဲ ထည့်ချိန်တွင် နေသတိကောင်းကောင်း ရလို့နေပြီ။
"ဦးနေ"
မယ် ဦးနေလက်ကလေးအား ဆုပ်ကိုင်ကာခေါ်ချိန် မယ့်လက်ကလေးအား ပြန်လည်ဆုပ်ကိုင်လာလေ၏။

"မယ်နဲ့အန်တီဝင့် ကိုနေသတိရနေပါပြီ၊ဒါပေမဲ့ စကားပြောလို့ မရသေးဘူး"
"အင်းပါ ပိုင်သက်ရယ်၊တကယ်ပဲ မသိရင် ငါနဲ့သမီးမယ်က အတင်းလှုပ်နိုးနေသလိုပဲ"
"အန်တီဝင့်ကလဲ ဆရာဝန်မှာလိုက်လို့ပါဗျာ"

မာမီနှင့်ကိုပိုင်သက် စကားတွေကို မယ်နားထောင်ကာ ပြုံးသာ နေမိသည်။မယ်တို့ အဲ့နေ့ညကတော့ ဦးနေကို အရည်လေးသာ သောက်စေလိုက်သည်။ မာမီကော ကိုပိုင်သက်ပါ ညဉ့်နက်သည့်အခါ အိပ်စက်ကုန်ပေမဲ့ မယ်ကတော့ ဦးနေလက်ကလေးကိုင်ကာ အိပ်လို့မရပေ။

နှလုံးသားထဲက သံစဉ်Where stories live. Discover now