အခန်း (၁၃)
နေနှင့်ပိုင်သက်တို့ ပဲခူးမြို့သို့ ရောက်သည့်အခါ လိပ်စာအရ လိုက်သွားပေမဲ့ ထိုသူသည် ခရီးသွားနေသည်ဟု သတင်းရလေသည်။
"ကိုနေ ဘယ်လိုလုပ်မလဲ"
"ဟိုတယ်မှာ တည်းပြီး စောင့်ကြတာပေါ့"
"ကောင်းပြီ ကိုနေ ၊ဒါဆို ကျွန်တော့်တို့ ဟိုတယ် သွားကြတာပေါ့"
"အင်း"ပိုင်သက် ကားကို ပြန်လည်မောင်းနှင်ကာ Tree Garden Hotel သို့ မောင်းကာ ဝင်လာလိုက်လေ၏။
"ကိုနေ ကားထဲမှာနေအုံးနော်၊Hotel Check in လုပ်အုံးမယ်"
"ရတယ် ပိုင်သက်၊မှတ်ပုံတင် ယူသွားအုံး"
"ဟုတ် ကိုနေ"ပိုင်သက် ကားပေါ်ကဆင်းကာ Hotel ထဲဝင်ခဲ့လိုက်လေသည်။ ရီဆက်ရှင်မှာ နှစ်ယောက်ခန်း ငှားကာ ဟိုတယ်ဝန်ထမ်းတစ်ယောက်ကို အဝတ်အိတ်တွေ ယူခိုင်းလိုက်ပြီး သူကတော့ ကိုနေ့ကို တွဲလိုက်လေသည်။
အခန်းထဲအရောက်တွင်
"ကိုနေ နားလိုက်အုံး"
"အဟက် ရယ်စရာပြောပြီ ၊မင်းက တစ်လမ်းလုံး ကားမောင်းရတာလေ "
"အဟား ဟုတ်သား မယ့်အကြောင်း တွေးပြီး တစ်လမ်းလုံး မှေးလာသူကို နာခိုင်းနေမိတယ်"
"အဟွန်း ရက်ကြာမယ်မှန်း သိရင် မယ့်ကို ခေါ်လာပါတယ်"ကိုနေ့အပြောကို ကိုနေမမြင်နိုင်တာ သိပေမဲ့ ပိုင်သက် မျက်လုံးစွေကြည့်ကာ
"ခေါ်လာပြီတဲ့ ကိုနေ အပြင်သွားရင် ဘယ်လိုထားခဲ့မလဲ"
"အင်း ဟုတ်သား"နေ ပိုင်သက် စကားကို ထောက်ခံလိုက်မိလေ၏။ မယ့်ကို ခေါ်လာရင် ဦးကြည်ဟန်နဲ့ စကားပြောတဲ့အခါ ထားခဲ့လို့မှ မရတာ။
"ကိုနေ ရေချိုးမလား"
"အင်း"ပိုင်သက် ရေချိုးခန်းထဲဝင်ကာ ပင်ပန်းမှုတွေ ပြေပျောက်စေရန် ရေချိုးခြင်းကို အရင် လုပ်လိုက်ကြလေသည်။ ကိုနေ့ကို အရင် ရေချိုးစေပြီး ပိုင်သက် တစ်ခါတည်း ချိုးလိုက်မိလေသည်။
ပိုင်သက် ရေချိုးပြီးလို့ တံခါးဖွင့် ထွက်လာချိန်
"ပိုင်သက်"
"ဗျာ ကိုနေ"
"ခုနက ဖုန်းလာတယ်ကွ"
"ဟုတ်လား ကျွန်တော် ကြည့်လိုက်မယ်"ပိုင်သက် ဖုန်းကိုယူကြည့်ရာ နာမည်မပါသော နံပါတ်စိမ်းပင်။
"ကိုနေ နာမည်မပေါ်ဘူးဗျ၊ခေါ်ကြည့်လိုက်မယ်"
"အင်း"
ပိုင်သက် ပြန်လည် ခေါ်ဆိုရာ ဝင်လို့ သွားရလေ၏။
"ဟဲလို"
"ဟုတ် ခင်ဗျ ဖုန်းခေါ်ထားလို့ပါ"
"ဟုတ်ပါတယ် ဦးကြည်ဟန်ပါ"
"ဗျာ ဟုတ် ဦးလေး ၊အခုဘယ်က ဆက်တာလဲ ဗျ"
"အိမ်ကပေါ့ ငါနဲ့တွေ့ချင်လို့ဆို"
"ဟုတ်ပါတယ် "
"ဒါဆိုရင် အခုလာတွေ့ပါ၊ငါမနက်ကြရင် ခရီးထွက်မှာ"
"ဟုတ် ဦးလေး၊အခု လာခဲ့ပါ့မယ်"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...