အခန်း (၉)

169 2 0
                                    

"မယ့်ရဲ့ အဝတ်အစားတွေ အသုံးအဆောင်တွေကို မမမိုး ထည့်ပေးထားတယ် မယ်"
"မယ် ဘာတွေ ယူအုံးမလဲ"
"ဟင့်အင်း မမထည့်ထားတာ ပြည့်စုံနေပါပြီ"

မယ် မနက်ပိုင်း မင်္ဂလာဆောင်ပြီးတာ ညနေ ၃ နာရီတွင် မယ့်တိုက်ခန်းက အဝတ်အစားတွေနှင့် မယ့်အသုံးအဆောင်တွေကို ဦးနေကသွားယူခိုင်း၍ မယ်လာယူမိခြင်းပင်။

"မယ့်အကြိုက် မြိတ်ကတ်ကြီးကိုက် လုပ်ထားတယ်မယ်၊စားအုံးနော်"
"ဟုတ်မမ၊ မမတစ်ယောက်ထဲ အဆင်ပြေပါ့မလား"
" မမကို မပူနဲ့မယ် ၊ကိုမြတ် ညီမလေး လာနေပေးမယ်တဲ့"
"ဟုတ်လား မယ် စိတ်ချပါပြီ"

မယ်ပြုံးကာ ပြောလေတော့ မမမိုးတစ်ယောက် ရှက်ကာ ပါးပြင်လေးတွေ ရဲကုန်၏။

"ခွိ မမမိုးရှက်နေတယ်ပေါ့"
"ကဲပါ မယ်ရယ်၊လာ မုန့်စားကြမယ်"

မယ့်လက်ကိုဆွဲကာ မီးဖိုခန်းထဲ ခေါ်သွားလေတော့သည်။
မယ် မမမိုးလုပ်ပေးတဲ့ မြိတ်ကတ်ကြီးကိုက်ကို နှစ်ပန်းကန်တောင် စားလိုက်မိသည်။ ကော်ဖီခါးခါးလေး တစ်ခွက် သောက်ပြီး ဧည့်ခန်းထဲ၌ မမမိုးနှင့် အလွမ်းသည်ကာ စကားတွေ ပြောမကုန်ဖြစ်လေ၏။

"တီတောင် တီတောင်"
" ဟော ဧည့်သည် ထင်တယ်မမ"
"နေ မယ် မမသွားဖွင့်လိုက်မယ်"
"ဟုတ်"

ဧည့်ခန်းထဲ မယ်ထိုင်ကာ ကော်ဖီသောက်နေမိသည်။
မမမိုးနှင့်အတူ ဝင်လာသူကိုမြင်ချိန်ဝယ်

"မယ် ပြန်ကြရအောင်၊ကိုနေ ဖုန်းဆက်နေပြီ"
"အင်း မမမိုး မယ်ပြန်တော့မယ်နော်"
"ဟုတ်ပြီ မယ်၊မမကို ဖုန်းဆက်နော်"
"ဟုတ် မမ"
"မယ် ဒီအကုန်ပဲလား"
"ဟုတ်တယ်"

Luggage နှစ်လုံးသာ ပါလေ၏။ ပိုင်သက် နှစ်လုံးစလုံး သူသာသယ်လာလိုက်လေသည်။ မိုးကတော့ မယ့်ကိုကားနားအထိ လိုက်ကာပို့ဆောင်ရင်း ခွဲခွာခံနီးအချိန်တွင်

"အဟင့် မမ"
"ရွှတ် အင်း မယ်၊ဖုန်းဆက်နော်၊ဆရာနေ နှိပ်စက်ရင် မမဆီ ဒီလာခဲ့ သိလား"
"ဟုတ် မမ၊မယ်သွားပြီ တက်တော့ မမ"

မယ်တို့ကားလေး ထွက်သွားသည်အထိ ကြည့်ကာ လက်ပြနှုတ်ဆက်နေမိသည်။ မယ်လည်း မမမိုးကို မမြင်လေတော့မှ ကားရှေ့တည့်တည့် မြင်ကွင်းကို ကြည့်မိသည်။

နှလုံးသားထဲက သံစဉ်Where stories live. Discover now