အခန်း (၁၅)
"ကိုနေ ဖုန်းဆက်တော့ အံ့ဩသွားတာ"
"ဟုတ်တယ် မိုးကောပဲ ဆရာနေ"နေတစ်ယောက် ကိုမြတ်နဲ့ မိုးတို့နှစ်ယောက်၏ စကားကို ခေါင်းညိမ့်ပြကာ
"တောင်းပန်ပါတယ် ညီနဲ့ညီမ၊တစ်ချိန်က အစ်ကို မင်းတို့ကို အဆင်ပြေပြေ မဆက်ဆံမိခဲ့ဘူး"
"မဟုတ်တာပါဗျာ၊ကိုနေ့ဘက်က ကြည့်ရင် မှန်သင့်သလောက်မှန်ပါတယ်"
"ကဲပါ မိုးတို့ အဆင်မပြေမှုတွေကို ထားခဲ့လိုက်တော့၊အခု ဆရာနေ မိုးတို့ကို တွေ့ချင်တာ"
"အင်း ဒီလိုပါမိုး "နေပြောလိုက်သော စကားကို နားထောင်အပြီးမှာတော့ ကိုမြတ်ကော မိုးပါ အံ့ဩဝမ်းသာရလွန်းလို့ မိုးဆို မျက်ရည်များပင် ချရလေ၏။
"ဘယ်လို သဘောရလဲ ညီနဲ့ညီမ"
"ဝမ်းသာလွန်းလို့ မိုးဆို မျက်ရည်တောင် ချနေပြီ အစ်ကို"
"ဒါဆို အစ်ကို့အပြောကို လက်ခံပြီလို့ ယူဆမယ်နော်"
"ဟုတ်ကဲ့ အစ်ကို ကျေးဇူးတင်ပါတယ်ဗျာ"
"မိုးလည်း ကျေးဇူးတင်ပါတယ် ဆရာနေ"
"အင်း ဒါဆို အစ်ကို့ကို ပြန်ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ အစ်ကို"နေ့ကို ကိုမြတ်ကောမိုးပါ ကားနားအထိ ပိုင်သက်နှင့်အတူ လိုက်ပါပို့ဆောင်ပေးလေသည်။
နေ ကားပေါ်တက်ထိုင်ပြီး ပိုင်သက် ကားမောင်းထွက်ရန် စောင့်နေလိုက်သည်။"ကိုနေ"
"ဟင် "
"အဟား ကိုနေ့ အပြုံးတွေ ပြန်လည်တောက်ပလာလို့ ဝမ်းသာတယ်ဗျာ"
"အင်း ဒါနဲ့ မင်း မယ့်အပေါ် စိတ်ဝင်စားမိသေးလား"
ဟာဗျာ ကိုနေရာ ကြံကြီးစည်ရာ"
"မဟုတ်ရင် ပြီးတာပဲ"ပိုင်သက်တကယ်ကို ထိတ်လန့်သွားရ၏။ ကိုနေက မျက်လုံးသာ မမြင်တာ အာရုံခံစားနိုင်မှုကတော့ တကယ်ကို ကောင်းလှသည်။!!!တောင်းပန်ပါတယ် ကိုနေ၊ကိုနေ့ကို လိမ်လိုက်ရလို့၊မယ့်အပေါ် ကျွန်တော် အရောင်နဲနဲဆိုးမိသွားတယ်၊ကိုနေ မယ့်အကြောင်းတွေ စုံစမ်းခိုင်းတော့ မယ့်ကို သနားရင်း စိတ်ဝင်စားသွားမိတယ် ထင်ပါတယ်၊ကျွန်တော် အခု အဲ့အရောင်တွေကို ပြောင်စင်အောင် ကျွတ်နေပါပြီ။မယ့်ကို ညီမလေးတစ်ယောက်လို ဖြူဖြူစင်စင် စောင့်ရှောက်ပေးမှာဆိုတာ ယုံပါ!!!
YOU ARE READING
နှလုံးသားထဲက သံစဉ်
Roman d'amourအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...