အခန်း (၁၂)
"မာမီ မယ် ဘာကူညီရမလဲ"
"အို သမီးမယ် အစောကြီးနိုးနေတယ် သားနေကော"
"ဟုတ် ဦးနေက အိပ်တုန်း"
"ဒါဆို ဒီမှာ မာမီ့ကို သားနေသောက်ဖို့ နွားနို့ကျိုပေး"
"ဟုတ် မာမီ"မယ် ဦးနေအတွက် နွားနို့အိုးအား သေချာ ဂရုစိုက်ကာ ကျိုနေမိသည်။ဒေါ်ဝင့်ဝင့်သူ သီးစုံထမင်းကြော် မနက်စာအတွက် ကြော်ပြီး ပန်းကန်တွင် ထည့်ကာ အုပ်ဆောင်းဖြင့် အုပ်ထားလိုက်လေသည်။
"မာမီ မလိုင်တွေ တက်လာပြီ"
"ဟုတ်လား သမီးမယ်၊မှန်း မာမီကြည့်အုံးမယ်"မာမီလာကြည့်လို့ မယ်ဘေးဘက်ကို ရွှေ့ပေးလိုက်သည်။
"ရပြီ သမီး ၊နွားနို့ မာမီထည့်လိုက်မယ်၊သမီး သားနေကို သွားကြည့်အုံး"
"ဟုတ် မာမီ"မယ် အပေါ်ထပ်အခန်းဆီသို့ တက်လာပြီး အခန်းတံခါးဖွင့်ကာ ဝင်ချိန် ကုတင်ထက်တွင် ဦးနေအိပ်လို့ကောင်းတုန်းပင်။
ရင်ဘတ်ပေါ် မယ်ခြုံပေးခဲ့သည့်အတိုင်း စောင်ကိုခြုံကာ ပက်လက်လေး အိပ်တုန်းပင်။မယ် ဦးနေအနား ဝင်ထိုင်ကာ
"အဟင်း အခုကျတော့ အိပ်ကောင်းနေတယ်"
မယ် တီးတိုးပြောကာ ဦးနေ၏ နဖူးအား ငုံ့ကာ နမ်းလိုက်မိသည်။
မယ် အနမ်းသူခိုးလုပ်ကာ ပြန်၍ ထလိုက်သောအခါ
"အမေ့ "
မယ့်ကိုယ်လေးအား ဆွဲကာ ဖက်ထား၍ မယ်လန့်ကာ ယောင်မိလိုက်သည်။ဦးနေရင်ဘတ်ပေါ် မေးထောက်ကာ မယ်နေမိသည်။"အဟွန်း ကို့နှုတ်ခမ်းကို နမ်းပါအုံး"
"ဟင် ဦးနေကလဲ"
"မနမ်းဘူးလား မနမ်းရင် မထတော့ဘူး"
"ရွှတ် ထတော့ နမ်းပြီးပြီ"မယ် ဦးနေပြောသလို နှုတ်ခမ်းအား မနမ်းပဲ ပါးပြင်အား ရွှတ်ခနဲ အနမ်းပေးလိုက်ပြီး
ဦးနေလက်ကလေးကို ကိုင်ကာ မယ့်ပါးပြင်မှာ ကပ်ထားမိသည်။"ဦးနေ မယ့်ကို တကယ်ချစ်တာပေါ့နော်"
"ချစ်တာပဲ မယ်ရယ်၊တစ်မင်တစ်ကာ ချစ်တယ်ဆိုတာ ရှိလို့လား"
"အဟင့် မယ် ပျော်လိုက်တာ၊မယ့်ကို မုန်းနေပြီးမှ"
"အင်း ကိုက လူဆိုး၊မယ်ကကော နိုးတာ ကြာပြီပေါ့"
"ဟုတ် မယ် မာမီ့ကိုတောင် ကူညီပေးပြီးပြီ"
"လိမ္မာတာကွာ"
YOU ARE READING
နှလုံးသားထဲက သံစဉ်
Romanceအဆိုဝါသနာပါတဲ့ မယ်နှောင်းတင့်တယ် တေးရေးဆရာ နေဂုဏ်ထည် ဆရာဝန် သစ္စာတို့ရဲ့ အချစ်ဇာတ်လမ်းလေး မယ့်ကြောင့် ဦးနေ အမြင်အာရုံ ဆုံးရှုံးခဲ့ရသလို ဦးနေချစ်သူလဲ သေဆုံးခဲ့ရတယ် ချစ်သူအတွက် အမုန်းကြီးမုန်းတဲ့ မယ့်ကို လက်ထပ်လိုက်တဲ့ နေဂုဏ်ထည် ဘာတွေဆက်ဖြစ်မလဲဆိုတာတ...