အခန်း (၁၄)

176 4 0
                                    

အခန်း (၁၄)

မယ် မာမီ့အိမ်ပြန်ရောက်ချိန်တွင် အိပ်ခန်းထဲဝင်ကာ အိပ်ယာထက် လှဲကာ အိပ်မိလေ၏။ မျက်စိမှိတ်ကာ ထားပေမဲ့ မျက်ဝန်းထောင့်မှ မျက်ရည်များ ကျရာ ခေါင်းအုံးလေးပင် စိုရွှဲသွားရလေ၏။

ငိုရှိုက်ရင်းပင် မယ်အိပ်ပျော်လို့ သွားရလေသည်။

"ကြီးစိန် မယ်လေး ပြန်လာပြီလား"
"ပြန်လာတယ် မျက်နှာလဲ မကောင်းဘူး"
"ဟင် ဟုတ်လား၊ဝင့်သွားကြည့်လိုက်အုံးမယ်"

ဒေါ်ဝင့်ဝင့်သူတစ်ယောက် အပေါ်ထပ်သို့ တက်လာခဲ့ပြီး အခန်းတံခါးဖွင့်ဝင်လာခဲ့စဉ်
"ဟင် သမီးမယ်လေး အိပ်နေတာပဲ"
အနားသွားကာ ကုတင်ပေါ် ထိုင်၍ နဖူးလေးအား စမ်းကြည့်လိုက်မိသည်။
"ကိုယ်တော့ မပူဖူးပဲ"
အိပ်နေတဲ့ မယ့်ပုံစံလေးကြည့်ကာ ဒေါ်ဝင့်ဝင့်သူ သမီးလေးတစ်ယောက်လို ချစ်မြတ်နိုးရသည်။ သားအပေါ် ချစ်မြတ်နိုးသူ မယ်လေးဟာ အရာရာကို စွန့်လွှတ်နိုင်သူလေးပင်။

"ဟင် မာမီ"
ဒေါ်ဝင့်ဝင့်သူ အခန်းထဲမှ ထွက်ရန် ကုတင်မှ မတ်တပ်ထရပ်စဉ်တွင် လူးလွင့်၍ နိုးလာလေ၏။
"အင်း သမီးများ နေမကောင်းဘူးလားလို့"
"ကောင်းပါတယ် မာမီ၊မယ် ပြန်လာတော့ မာမီ့ကို မတွေ့လို့ ကြီးစိန်ကို ပြောပြီး တက်လာတာ"
"မာမီ ဘုရားခန်းထဲ ဝင်နေလို့၊သားဆီက ဖုန်းလာသေးလား"
"ဟင့်အင်း မာမီ၊လမ်းမှာတုန်းကပဲ တစ်ခါဆက်တယ်၊အခုညနေ မဆက်တော့ဘူး"
"ဟုတ်လား ဆက်ဆက် မဆက်ဆက် နေပါစေ၊သမီးမယ်လေး ရေမချိုးနဲ့တော့နော်၊ထ မာမီတို့ ထမင်းစားကြမယ်"

မာမီရဲ့ အပြောကို မယ် ခေါင်းညိမ့်ပြီး ပြုံးပြမိ၏။မာမီ အခန်းပြင်ထွက်သွားတာနဲ့ မယ်အိပ်ယာမှ ထကာ မျက်နှာသစ်လိုက်လေ၏။
မယ်အောက်ထပ်သို့ ဆင်းလာကာ ထမင်းစားခန်းထဲ ဝင်လာလိုက်လေသည်။
"မာမီ"
"လာ သမီး ထိုင်၊သမီးအကြိုက်လို့ ကြီးစိန်ကပြောတယ်၊ငပိရည်ကျို ၊ငါးဖယ်သုပ်၊ကြက်သားလုံးကြော်တယ်"
"ဟီး မယ့်အကြိုက်ပဲ မာမီ၊ကြီးစိန် မယ် ကျေးဇူးတင်ပါတယ်"
"ရပါတယ်သမီးလေးရယ် စားပါရှင့်"

မယ် ကြည်လင်တောက်ပနေတဲ့ အပြုံးလေးဖြင့် ပြုံးကာ သူမပန်းကန်ထဲဟင်းတွေ ဦးချကာ  ထမင်းစားသောက်နေပုံလေးကို ကြည့်၍ ဒေါ်ဝင့်ဝင့်သူ ပြုံးမိလိုက်သည်။ ငိုပြီး အိပ်ပျော်သွားတာကို မယ့်မျက်နှာလေးကို ကြည့်လိုက်တာနဲ့သိပါသည်။ စိတ်ညစ်ညူးနေပေမဲ့ စိတ်ထဲကြာကြာမထားပဲ ဘေးလူတွေ မသိအောင် သိုဝှက်ခံစားတတ်သူလေးပင်။

နှလုံးသားထဲက သံစဉ်Where stories live. Discover now