11

933 88 2
                                    

ကျီဝိန် ခဏလောက်စဉ်းစားကာ သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး " မလိုတော့ဘူး နေ့ခင်းမှာ ကိုယ်အပြင်သွားမယ်၊ မင်းအိမ်မှာ ကောင်းကောင်းအနားယူနိုင်ပြီ "လို့ပြောပြီး အလျင်အမြန် ပြေးထွက်လာခဲ့တယ်။

ချန်းလျှိုမြို့ရှိ အဓိကလမ်းလေးခုက အရှေ့၊ အနောက်၊ မြောက်နဲ့တောင်ကို ဖြတ်ကျော်ထားတယ်။ အရှေ့နဲ့အနောက်လမ်းများက မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဈေးဆိုင်တွေနဲ့ စည်ကားနေပြီး တောင်နဲ့ မြောက်မှာ စားသောက်ဆိုင်ငယ်များအပြင် စာအုပ်ဆိုင်များ၊ အပေါင်ဆိုင်များ စတာတွေလည်း ရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျီဝိန် ကျောက်စိမ်းလက်ကောက်အတွက် တောင်လမ်းကိုလာခဲ့ရတယ်။

မူလပိုင်ရှင်က တောင်လမ်းသို့ မကြာခဏ မလာပါဘူး၊ သူ့အမြင်ကို အခြေခံပြီး လေးထောင့်ဆိုင်ကို တွေ့ရှိခဲ့တယ်။ ဝင်လိုက်တာနဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားများစွာနဲ့ လက်ရေးလှများက သူ့ကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့တယ်။ ပေသီးခုံတစ်ခုနဲ့ ကောင်တာအနောက်မှာစောင့်နေတဲ့ ဆိုင်ရှင်က ကျီဝိန် ကိုတွေ့တော့ ဝမ်းသာအားရနဲ့ ရယ်မောပြီး "ရို့ ဒီနေ့ ဘယ်လိုလေတွေတိုက်နေလဲ ဦးလေးကျီကို တောင် ဒီကို မှုတ်လိုက်တာလိုက်တယ်၊ ဆိုင်က အလင်းတွေနဲ့ပြည့်နေတယ်!"

( ဒီလိုနှိမ့်ကျတဲ့နေရာကိုလာပေးတာ ဂုဏ်ယူစရာပဲ လို့ဆိုလိုတာပါ)

ကျီဝိန် သူ့စကားကို မကြားချင်ယောင်ဆောင်ကာ ဆိုင်ထဲ လှည့်ပတ်ကြည့်ရင်း "ဆိုင်ရှင်၊ စာကျက်ဖို့ ရတနာလေးပါးရဲ့ အစုံတန်ဖိုးက ဘယ်လောက်လဲ"

"ဝယ်ချင်တာလား?" ဆိုင်ရှင် ခဏအံ့အားသင့်သွားကာ ချက်ချင်းပင် "အကောင်းဆုံးရတနာလေးပါးအစုံက ဝမ်တစ်ထောင်၊ အလယ်အလတ် ...."

(၁ဝမ် က ၁ယွမ်ရဲ့၄ပုံ၁ပုံ)

ကျီဝိန် စိတ်မရှည်စွာ တားလိုက်ပြီး "စျေးအသက်သာဆုံး အစုံက ဘယ်လောက်လဲ"

ဆိုင်ရှင် ထပ်မပြောဝံ့တော့ဘဲ စင်ပေါ်မှ ပစ္စည်းအနည်းငယ်ယူကာ ကောင်တာပေါ်တင်လိုက်ပြီး "ဦးလေးကျီ ဒီတစ်စုံက ငါတို့ဆိုင်မှာရောင်းတဲ့ ရတနာလေးပါးရဲ့ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး အတွဲပါ၊ ဝမ်နှစ်ရာ ကုန်ကျတယ် လျော့လို့မရဘူး။"

အချိုပွဲရောင်းရန်ရှေးခေတ်ကိုကူးပြောင်းသွားခြင်းWhere stories live. Discover now