ကျီဝိန်က အနောက်ဘက်လမ်းမှာနေထိုင်ပြီး ကျန်း မိသားစုနဲ့ ဘာမှမဆိုင်ပေ။
ဒါကိုတွေးပြီး သူ့အစာစားနှုန်းက နှေးသွားတယ်။ကျီဝိန် လည်ချောင်းရှင်းလိုက်ပြီး "ကျန်းမိသားစုက သူတို့အိမ်ပြင်နေတယ် ကြားတယ်။ အိမ်က ကျဉ်းပြီး မှောင်တယ်၊ နွေရာသီမှာ ပူပြီး ဆောင်းလည်းအေးတယ်။ အချိန်တိုအတွင်း ပြုပြင်ဖို့ ငွေအလုံအလောက် ချွေတာဖို့စီစဉ်ထားတယ်"
ကျောက်သလုံ သူ့မိန်းမဆီက ခဏခဏကြားရတာက ကျီမိသားစုက ကောင်လေးက ဒီရက်ပိုင်း များစွာပြောင်းလဲသွားပုံရပြီး လူကောင်းတစ်ယောက်ဖြစ်ဖို့ အမှန်တကယ်ပင် လေးနက်သောစီးပွားရေးတစ်ခုကို စတင်ခဲ့လို့ပြောတယ်။ သူ့စိတ်ထဲမှာ အစတုန်းက သံသယတွေရှိခဲ့ပေမယ့် အခု မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ ဒီကလေးမှာ ကြည်လင်တဲ့မျက်နှာနဲ့ ရိုးသားတဲ့မျက်နှာရှိပြီး အရင်က ရက်စက်ကြမ်းကြုတ်ပြီး မာနကြီးတဲ့သူနဲ့ တော်တော်ကွာခြားသွားပါပြီ။
ဒါကိုတွေးပြီး ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ မင်းအိမ်က အရင်ဆယ်နှစ်လောက်က မင်းမိဘတွေ ဆောက်ခဲ့တာ။ နှစ်တွေ အများကြီးကြာတော့ ပြောင်းဖို့ အချိန်တန်ပြီ" လို့ ပြန်ဖြေလိုက်တယ်။ ထို့နောက် ကျီဝိန်ကို လျစ်လျူရှုလိုက်ကာ အစာစားဖို့ပဲ အာရုံစိုက်လိုက်တယ်။
ကျီဝိန် စကားလုံးတွေရှာဖွေမနေပဲ သီးသန့်စကင်န်ဖတ်လိုက်တယ်။ သူတို့ရှေ့ ၁၀ပေလောက်အကွာမှာ ရေတွင်းတစ်ခုရှိတယ်။အုတ်များနဲ့ သဲတွေအမြောက်အများစုပုံထားပြီး ။ အိမ်ဆောက်ဖို့ မကျန်တော့ပေမဲ တခြားရည်ရွယ်ချက်ရှိပုံရတယ်။
သူ အုတ်ပုံကြီးကို လက်ညှိုးထိုးပြပြီး "ဦးလေး ကျောက် အဲဒါ ဘာအတွက်သုံးတာလဲ" လို့ မေးလိုက်တယ်။
“ရေတွင်းက သေးလွန်းပြီး မကြီးလောက်ဘူးလို့ အဘိုးအိုကထင်လို့ ဖြိုဖျက်ပြီး ပြန်ဆောက်မယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အိမ်ဆောက်ရုံနဲ့ လုံလောက်ပြီမို့ ရေတွင်းအတွက် စိတ်ပူစရာ မလိုပါဘူး။ “
YOU ARE READING
အချိုပွဲရောင်းရန်ရှေးခေတ်ကိုကူးပြောင်းသွားခြင်း
Fantasyကျီဝိန်ဟာ ကမ္ဘာ့အဆင့်မီ မုန့်ဖုတ်သမားတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ကံမကောင်းစွာပဲ ဆုပေးပွဲအခမ်းအနားသို့ သွားရာလမ်းမှာ ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူပြန်နိုးလာသောအခါတွင် သူက ရွာတစ်ရွာရဲ့ကျော်ကြားသော လူဆိုးဖြစ်နေပြီ။ သူဟာ စာ...