20

430 57 6
                                    

ကျီဝိန် ၏ မျက်နှာမှာ ချက်ချင်းပင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး "မင်းဘာတွေပြောနေတာလဲ၊ မင်းဒီမှာ နေ့လည်စာစားသွား" အားချိုးက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "ဟုတ်ကဲ့"

သူ့မှာ အားချိုး ရဲ့ တံငါးသည် ခင်ပွန်းနဲ့ အလွန်ကွာခြားကာ သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက် ချောမောတဲ့အသွင်အပြင်နဲ့ အလွန်ယောက်ျားဆန်တဲ့ အပြုံးတစ်ခုရှိသည်။ အဲဒါကိုကြည့်ပြီး အားချိုးက ရှက်ကာ မနေနိုင်ဘဲ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်တယ်။

ကျီဝိန် စားပွဲပေါ်တင်ပြီး မေ့နေသော ဝက်သားတုံးများကို ယူရန် လှည်းဆီသို့ ပြန်သွားခဲ့တယ်။

" အစက ဒီည စားဖို့ ဒီအသားကို ဝယ်ခဲ့တာ။ အိမ်မှာ ဧည့်သည်တွေရှိနေတော့ နေ့လည်စာပဲစားရအောင်။ ဘယ်လိုခေါ်လဲ"

ကျီဝိန်ရဲ့ စိတ်သဘောထားကြောင့် အားချိုး အနည်းငယ် ပျော့ခွေသွားကာ "မင်းငါ့ကို အားချိုး လို့ပဲ ခေါ်လို့ရတယ်"

"အားချိုး ဒီမှာလာထိုင်၊ မင်းဘာလို့ရပ်နေတာလဲ" ကျီဝိန်က မီးဖိုကိုသွားပြီး မီးမွှေးတော့မယ့် လျိုရီ့မျန်ကိုဆွဲလိုက်ပြီး " ကိုယ်လုပ်မယ်၊ မင်းကလူကို ကောင်းကောင်းဧည့်ခံ"

"မဟုတ်ဘူး ကျွန်တော်လုပ်မယ်..."

ကျီဝိန်က "ကိုယ် မစားရတာကြာပြီဆိုတော့.... မင်းအားချိုးအတွက် ဆိတ်နို့တစ်ပန်းကန်လောက်ထည့်ပြီး သူနဲ့ စကားပြောနေလိုက်"

လျိုရီ့မျန် အားချိုးထံ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် အလုပ်ရှုပ်နေသော ကျီဝိန်ကို စိုက်ကြည့်ရင်း သူ့ဘေးနားသို့ ဆွဲခေါ်သွားပြီး အသံကိုလျှော့ကာ "မျန်မျန်၊ သူက တကယ်အနိုင်ကျင့်တဲ့ ကျီဝိန် လား?"

လျိုရီ့မျန် သူ့နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် စေ့ကာ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်တယ်။

အားချိုးက သူပြောတာမှားမှန်းသိပြီး ချက်ချင်းပဲ "မျန်မျန်၊ ငါအိမ်တံခါးက စဝင်လာတုန်းက အိမ်အလုပ်တွေအရမ်းမလုပ်ပဲ ကောင်းကောင်းအနားယူဖို့ ငါ့ခင်ပွန်းကပြောခဲ့တယ်၊ ဒါပေမယ့် ငါအခုထိမနားရသေးဘူးစောစောထ ထမင်းချက်ပြီး ညဘက်အဝတ်လျှော်ဖို့ ငါ့ခင်ပွန်းပြောတာကို မင်းတကယ် မယုံနိုင်မှာမဟုတ်ဘူး"

အချိုပွဲရောင်းရန်ရှေးခေတ်ကိုကူးပြောင်းသွားခြင်းWhere stories live. Discover now