10

1.2K 113 4
                                    


    အမြန်ပြေးပြီး စစ်ဆေးကြည့်တော့မှ အိုးက ရေပြည့်နေတာ တွေ့လိုက်တယ်။

    "ရေမလုံလောက်မှာကြောက်လို့ ဇွန်းတစ်ဝက်ထည့်လိုက်တာ အရမ်းများ သွားလား။" လျိုရီ့မျန် အနည်းငယ် စိတ်လှုပ်ရှားသွားတယ်။

    "ဟင့်အင်း၊ ကိုယ်ရေထပ်ထည့်ရမှာ မင်းရဲ့အနှိပ်က ဒီလောက်သက်တောင့်သက်သာရှိမယ်လို့ ကိုယ်မမျှော်လင့်ထားဘူး၊ အိပ်တောင်ပျော်သွားတယ်။ ကံကောင်းစွာပဲ မင်းအိုးကိုကြည့်ခဲ့လို့၊ မဟုတ်ရင် ရေခမ်းတာနဲ့ ပျက်စီးသွားလိမ့်မယ်။" ကျီဝိန် လျိုရီ့မျန်ကို ချီးကျူးလိုက်တယ်။ စကားအနည်းငယ်ပြောပြီ၊ ပွလာတဲ့မုန့်စိမ်းနဲ့ လှိမ့်တံကို စားပွဲပေါ်တင်လိုက်တယ်။

    ပထမဦးဆုံး စားပွဲကို ရေစိုဝတ်နဲ့ နှစ်ကြိမ်သုတ်ပြီးနောက် ဂျုံမှုန့်ခြောက်အလွှာဖြန်းလိုက်တယ်။

    ကျီဝိန် မုန့်စိမ်းကို နှစ်ခြမ်းခွဲကာ တစ်ဝက်ဆီကို ရှည်လျားသော အမြှောင်းတစ်ခုဖြစ်အောင် လှိမ့်လိုက်တယ်။

    အဲ့နောက် ဘယ်လက်နဲ့ အတွင်းဘက်ကို ညာလက်နဲ့ အပြင်ဘက် မုန့်ညက်စွန်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ မဆိုင်းမတွ ဆွဲဆန့်လိုက်တယ်။ပြီးတော့ မုန့်သားတွေ မကပ်အောင် ဂျံမှုန့်တွေနဲ့အတူ ထပ်ခါထပ်ခါ ခေါက်လိုက်၊ဆန့်လိုက် ပြုလုပ်ခဲ့တယ်။

    ကျီဝိန် လက်ထဲမှာ ဆွဲဆန့်ထားတဲ့ မုန့်စိမ်းသည် နာရီလေးပုံတစ်ပုံအတွင်း ဆံပင်ကဲ့သို့ ခေါက်ဆွဲ အတူအဖြစ် ပြောင်းလဲသွားတယ်။

    ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ လျိုရီ့မျန်က ထိတ်လန့်သွားပြီး မျက်တောင်ခတ်ဖို့ မေ့သွားပြီး ကျီဝိန် ရဲ့လက်ကို စိုက်ကြည့်နေကာ ခဏကြာတော့ သူအသံပြန်ထွက်လာတယ် " အကိုကျီ၊ ဒါကို မင်းဘယ်တုန်းက သိတာလဲ"

အချိုပွဲရောင်းရန်ရှေးခေတ်ကိုကူးပြောင်းသွားခြင်းWhere stories live. Discover now