လျိုချင်း ရင်မောသွားပေမဲ့ စကားမပြောပေ။ ပေါင်းကျစ်ရှီရှီး စကားပြီးတဲ့အခါ သူ ပေါင်းကျစ်ရှီရှီး ရဲ့ပါးကို လက်တစ်ဖက်နဲ့ ပုတ်ကာ "ကျီနာမည်နဲ့ကောင်က ထိုက်ဆွေ့ကို နှောင့်ယှက်ဝံ့တယ်။ နောက်တစ်ကြိမ်တွေ့ရင် သုံးလလောက် မအိပ်ရာထဲက ထဖို့တောင်စဉ်းစားနဲ့!"
(ထိုက်ဆွေ့က သြဇာအကြီးဆုံးနတ်ဘုရားပါ။)
ပေါင်းကျစ်ရှီရှီး ဒီကိစ္စကို ဖော်ထုတ်တော့မယ်လို့ တွေးကာ ဝမ်းသာသွားပေမဲ့ ဆုတ်ဖြဲသံကို ကြားလိုက်ရတဲ့အခါ သူ့ရင်ဘတ် အေးစက်သွားသလိုခံစားလိုက်ရတယ်။ လျိုချင်းက သူမ အင်္ကျီကော်လာကို ဆုတ်ဖြဲကာ လက်တစ်ဖက်တည်းနဲ့ ကုတင်ပေါ်မှာ ဖိလိုက်တယ်။
"ဒါပေမယ့် အဲ့ဒီ ကျီလို့ခေါ်တဲ့ကောင်က တစ်ခုခုပဲ။ ညီအကိုတွေကြားမှာ ငါ့ကို ရယ်စရာဖြစ်အောင် လုပ်တာပဲ၊ နောက်တစ်ခုက ရှို့ဖန်း ငါကသက်သတ်လွတ်သမားလို့ မင်းထင်နေတာက နှစ်တွေကြာလာတာနဲ့အမျှ မင်းအပေါ် ကောင်းလွန်းနေလို့လား။" လျိုချင်း သူ့မျက်လုံးမှိတ်လိုက်ပြီး ပေါင်းကျစ်ရှီရှီး စကားမပြောရသေးခင်မှာပဲ မျက်နှာကို ဖြတ်ရိုက်လိုက်ပြန်တယ်။
မကြာခင်မှပဲ ပေါင်းကျစ်ရှီရှီး ရဲ့ ပါးပြင်တွေ ဖောင်းပွလာတယ်။ ဒါပေမဲ့ သူမ လုံးဝ ဂရုမစိုက်ဘဲ ထိတ်လန့်စွာ လျိုချင်း ကိုသာ စိုက်ကြည့်နေတယ်။
ဒီအိပ်ရာဆိုတာ ဘယ်မှာလဲ။ နှိပ်စက်နေတာ ထင်ရှားပါတယ်။
(အိပ်ရာဆိုတာ လင်နဲ့မယားကြားက ချစ်ခြင်းမေတ္တာပါ။)
" အစ်ကိုချင်း ၊ အစ်ကိုချင်း ၊ ငါ့ကို ခွင့်လွှတ်ပါ ၊ နောက်တစ်ခါ ငါ မဝံ့ရဲတော့ဘူး ... " သူမ ကြောက်လန့်တကြား ခေါင်းယမ်းကာ နောက်ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် အိပ်ယာက အရမ်းကြီးလဲ၊ ဘယ်မှာကျုံ့နိုင်မလဲ။
မကြာခင်မှာပဲ လျိုချင်းရဲ့ လေးလံတဲ့ ခန္ဓာကိုယ်က သူမကို ဖိချလိုက်ပြီး အခန်းထဲမှာ စုတ်ပြဲတဲ့ အထည်သံပေါ်ထွက်လာတယ်။
ပေါင်းကျစ်ရှီရှီး ရဲ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက်နဲ့အတူ သူမခန္ဓာကိုယ်သည် ရုတ်တရက် နာကျင်မှုများ ဆက်လက်ပျံ့နှံ့သွားကာ သူမ မျက်လုံးထဲမှာ မကျေမချမ်း အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။
YOU ARE READING
အချိုပွဲရောင်းရန်ရှေးခေတ်ကိုကူးပြောင်းသွားခြင်း
Fantasyကျီဝိန်ဟာ ကမ္ဘာ့အဆင့်မီ မုန့်ဖုတ်သမားတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ကံမကောင်းစွာပဲ ဆုပေးပွဲအခမ်းအနားသို့ သွားရာလမ်းမှာ ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူပြန်နိုးလာသောအခါတွင် သူက ရွာတစ်ရွာရဲ့ကျော်ကြားသော လူဆိုးဖြစ်နေပြီ။ သူဟာ စာ...