Part 2

2.5K 208 20
                                    

( Unicode )

ဘယ်လောက်တောင် စိတ်ပျက်ငြီးငွေ့စရာ ကောင်းလိုက်တဲ့ အခြေအနေကြီးပါလဲ ။

တကယ်ဆို မင်္ဂလာဆောင်တဲ့နေ့ဆိုတာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ၊ အပျော်ရွှင်ဆုံး ၊ အထူးကဲဆုံးနှင့် အတောက်ပဆုံးဖြစ်နေရမည့် နေ့တစ်နေ့ ၊ ချစ်ခင်ရသူတွေရဲ့ အလယ်မှာ အပြုံးတွေကို ဖြန့်ကျဲရမည့် နေ့တစ်နေ့ ဖြစ်ရမှာပါ ။

အခုတော့ စေ့ မင်္ဂလာပွဲသာဆိုသည်။ လာသမျှလူတစ်ယောက်မှ စေ မသိ။

လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုထားသည့်ဥပဒေ မရှိသေးသည့်နိုင်ငံမို့ မြက်ခင်းပြင် ဒင်နာပွဲလေးလုပ်ပြီး နှစ်ဦးနှစ်ဘက် အသိအမှတ်ပြုတယ်ဆိုရုံလေး လူနည်းစုနှင့်ပဲ ကျင်းပပါမည်ဆိုတာတောင် ပါပါးရဲ့ စီးပွားဖက်တွေနဲ့တင်ကို အနည်းဆုံး လူနှစ်ရာကျော်လောက်ရှိလိမ့်မည်။

နောက်ပြီး အခုလို ယောက်ျားလေးနှစ်ယောက် လက်ထပ်ထိမ်းမြားခြင်းမျိုးနှင့် သိပ်မကျွမ်းဝင်ကြသေးသည့် ဝန်းကျင်ဆိုတော့လည်း အများစုက အထူးအဆန်းဖြစ်ကြ ၊ စိတ်ဝင်စားကြ ၊ စပ်စုလိုကြသည် ။ အတင်းအဖျင်း စကားတွေကတော့ Zenith Zephyr ပိုင်ရှင်ရဲ့သား ၊ မန္တလေးတက္ကသိုလ်ကနေ အငြိမ်းစားယူထားသည့် ပါမောက္ခနှစ်ယောက်ရဲ့သားဆိုသည့် မိဘတွေ၏ အရှိန်အဝါအောက်မှာ အသံကျယ်ကျယ်ထွက်မလာရဲကြပေ ။ နဂိုကတည်းက နှစ်အိမ့်တစ်အိမ် နေလာကြသည့် သူတို့အကြောင်းကို သိပြီးသားလူတွေ ပြောကြတာက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပေါ့တဲ့ ။

တကယ်တော့ ဒီပွဲက အများအားဖြင့် ပါပါးအရွယ် လူကြီးတွေ အနောက်တိုင်းဝတ်စုံဝတ်၊ ရှူးဖိနပ်ပြောင်လက်လက်တွေစီးပြီး စိတ်ထဲမပါတဲ့ အပြုံးတွေ ဖောဖောသီသီသုံးကာ အရက်မျိုးစုံ သောက်ကြသည့်ပွဲပါ။

သတို့သားတစ်ယောက်လို ဝတ်စားထားလို့သာ စေက သတို့သားဖြစ်နေသည်။ ဘယ်သူကမှလည်း စေ့ကို သိပ်ပြီးအဖက်မလုပ်ကြသလို စိတ်လည်းမဝင်စားကြ ။ စေနှင့်ဆင်တူ ရွှေအိုရောင် suitဝတ်ဆင်ထားသည့် စေ့သတို့သားကတော့ ရင်ထဲကမပါတဲ့စကားတွေ ပြောနေကြသည့် ထိုလူကြီးတွေကြားမှာ ပြုံးပြုံးရွှင်ရွှင် ဧည့်ခံနေပါသည်။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now