Part 16

1.7K 153 35
                                    

( Uni )

" မင်း သူ့ကို တကယ် လိုက်မရှာတော့ဘူးလား စေ "

အိပ်မက်တစ်ခုပဲ ဖြစ်လိုက်ပါတော့၊ ဒီအိပ်မက်ကနေ အမြန်ပဲ နိုးလာပါတော့ဆိုပြီး သွေးပျက်ခဲ့ရတဲ့ မနက်ခင်းတစ်ခုကို စေ ဘယ်တော့မှမမေ့။ ထိတ်လန့်တုန်လှုပ်ရခြင်း၊ ဆွံ့အနာကျင်ရခြင်းတွေနှင့်အတူ အိပ်ရာပေါ်မှာ ကျန်ခဲ့သည့် စာရွက်စာတမ်းတွေကို လုံးခြေမွပြီး " မဟုတ်ဘူးမလား၊ ဒါတကယ် မဟုတ်ဘူးမလား " ဆိုသည့် စကားတစ်ခွန်းကိုပဲ လူတကာကို ထပ်ခါတလဲလဲ လိုက်ပြောနေခဲ့မိတာ အရူးတစ်ယောက်လို။

ဒီအဖြစ်အပျက်ကို ဘယ်လောက်ပဲ အိပ်မက်တစ်ခုဖြစ်စေချင်ခဲ့ပေမဲ့ အဲဒီနေ့မှာပဲ ကိုကိုက အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ဘယ်သူ့ကိုမှ အသိမပေးဘဲ တိတ်တဆိတ် ထွက်သွားခဲ့သည်ဆိုတဲ့ အမှန်တရားကို  ခါးသီးစွာ လက်ခံခဲ့ရသည်။ ဘာလို့ အခုလို ထွက်သွားရတာလဲဆိုသည့်အကြောင်းအရင်းကို ကာယကံရှင်က အသိမပေးခဲ့သလို စေကလည်း အဖြေမရှာခဲ့ပါ။

ဘာအကြောင်းပဲရှိရှိ သူ့ကို ဒီလိုမျိုး လွယ်လွယ်စွန့်ပစ်သွားဖို့ လိုအပ်လို့လားဟု တွေးမိတိုင်း နှုတ်မဆက်ဘဲ ထားရက်ခဲ့သည့်လူကို နာကြည်းပါသည်။ ကိုဉာဏ်လင်းထင်တို့လို မိတ်ဆွေတွေ အပါအဝင် အားလုံးက ပျောက်သွားသည့်လူကို အပူတပြင်း စုံစမ်းရှာဖွေနေကြပေမဲ့ စေကတော့ အိပ်မက်မဟုတ်တဲ့ ဒီအမှန်တရားကို လက်ခံလိုက်ပြီးသည့်နောက် ငိုတောင်မငိုမိတော့ပါ။

သူ့အပေါ်ကို ဒီလိုမျိုးလုပ်သွားရက်တဲ့လူအတွက် သူမျက်ရည်ကျဖို့ မတန်ဘူးမဟုတ်လား။

" ငါမေးနေတာကြားလား စေ ...မင်း တကယ် ဒီလိုပဲနေတော့မှာလား ..... လိုက်မရှာတော့ဘူးလားလို့ "

ကိုကို ထွက်သွားပြီး ငါးရက်နေတော့ စေလည်း နယူးယော့ခ်ကို ထွက်လာခဲ့သည်။ ဒီနေ့နနဲ့ဆို နယူးယော့ခ်ရောက်နေတာ တစ်ပတ်နီးပါးပင် ရှိသွားခဲ့ပြီ ။  ဒီတစ်ခါမှာတော့ ပါပါးက သူ့ကို မတားတဲ့အပြင် " ပျော်သလောက်နေပြီး သား အဆင်ပြေတဲ့အချိန်မှပြန်လာခဲ့ပါ " ဟု မှာလိုက်သေး၏။

စေ ရောက်ကတည်းက အပြင်လည်း မထွက်ဖြစ် ။ Noahတိုက်ခန်းမှာသာ အရက်နှင့်စီးကရက်ကို တစ်လှည့်စီသောက်ပြီး နှလုံးသားက နာကျင်မှုကို တိတ်ဆိတ်စွာ ကုစားနေခဲ့သည်။ သူငယ်ချင်းနှစ်ယောက်ကလည်း သူပြောသလောက်သာ နားထောင်ပြီး ဘာမေးခွန်းမှမထုတ်ဘဲ နေခဲ့ကြတာ တစ်ပတ်လုံးလုံး ။ ဒီနေ့မှသာ ကိုကိုနှင့် ပတ်သက်ပြီး စကားစလာကြခြင်းပင် ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now