Part 17

5.9K 301 6
                                        

( Uni )

" ဘယ်နည်းနဲ့မှ ကျနော့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး မေမေ "

Chemo သွင်းထားရသည့်အရှိန်ကြောင့် တစ်ကိုယ်လုံး ပူလောင်ပြီး မလှုပ်နိုင်အောင် နာကျင်နေသော သားငယ်ကိုကြည့်ပြီး ဒေါ်နှင်းဆီဖြူ ရင်ထဲမချိလှ။ ဒီလိုအချိန်မှာတောင် တခြားသူတွေ စိတ်ပင်ပန်းမှာကို စိုးရိမ်နေသည့် သားဖြစ်သူကို သနားလည်းသနားသလို ခံစားနေရသမျှ ဝေဒနာတွေအားလုံး ကိုယ်စားယူငင်ပေးလို့ရလျှင် ယူပေးလိုက်ချင်သည် ။

စေလေးနှင့်အတူ ပျော်‌ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် ဘဝခရီးလမ်းကို ဖြတ်သန်းနေရမည့်အချိန်ကျမှ ဘာလို့များ ဒီရောဂါဆိုးကြီးက သားငယ်ထံ ရောက်လာခဲ့ရပါသလဲ။ ကံတရားရဲ့စမ်းသပ်မှုက ပြင်းထန်လွန်းလှသည်။ သားငယ် ဒါကိုဖြတ်ကျော်နိုင်ဖို့ကို ကမ္ဘာပေါ်မှာ ရှိသမျှဘုရားအားလုံးထံ ဆုတောင်းရတော့မည်။

" မိသားစုဆိုတာ ပျော်စရာပဲ ဝေမျှရတာမဟုတ်ဘူးလေ .... ခက်ခဲတဲ့အချိန်တွေမှာလဲ အတူရှိပေး .... ဝမ်းနည်းစရာဆိုလဲ မျှယူခံစားပေးရတာမျိုးပဲ သားရဲ့... ဖေဖေတို့က မင်းရဲ့မိသားစုပါ ... မင်းရင်ဆိုင်ရတဲ့အခက်အခဲတွေကို မြင်ရတာထက် အဲဒီလိုအချိန်တွေကို မသိလိုက်ဘဲ ဘေးမှာ ရှိမပေးလိုက်နိုင်မှာကို ပိုပြီး စိုးရိမ်မိတယ် "

လူနာကုတင်ပေါ်မှာ လှဲနေပြီး ခန္ဓာထဲက ဝေဒနာတွေကို ကျိတ်မှိတ်ခံစားနေရသူက မိဘတွေစကားတွေကိုနားထောင်ရင်း ဘေးကလူတွေကို ပြုံးပြဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ မျက်ဝန်းထောင့်စွန်းကနေ မျက်ရည်တွေသာ စီးကျ‌နေခဲ့သည်။ ကလေးဘဝကတည်းက ဘယ်သူ့ကိုမှ အပူပင် မပေးခဲ့ဖူးသော သားငယ်ရဲ့မျက်ရည်တွေကို တစ်ရှုးစလေးဖြင့် ခပ်ဖွဖွသုတ်ပေးရင်း ဒီအဖေ ရင်ထဲမှာလည်းမကောင်း ။

စေ့မိဘတွေခမျာလည်း  သားတစ်ယောက်နှင့်မခြား ချစ်ရသူကို ဒီလိုမျိုးမြင်တွေ့ရသည့်အချိန် မျက်ရည်တလည်လည်နှင့် ဘာစကားမှမပြောနိုင်ဘဲ စိတ်ထိခိုက်နေကြရှာသည်။ ချစ်လွန်းလို့မှ မိသားစုထဲအထိ ဆွဲသွင်းထားရသူမို့ ချမ်း နေပြန်ကောင်းလာဖို့ဆို ဘယ်အရာနှင့်လဲရလဲရ သူတို့အနေနှင့်လဲဖို့ အဆင်သင့်ပါ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now