Part 11

1.8K 155 6
                                    

( Uni )

မျက်စိရှေ့က မြင်ကွင်းကိုကြည့်ပြီး ချမ်း ဒေါသထွက်လိမ့်မည်ဟု ဖိုးကဲရော ကိုဖောင်းဖောင်းပါ ထင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ ချမ်းမျက်နှာပေါ်မှာ စိတ်မသက်မသာ ဖြစ်သွားသည့် ပုံစံကလွဲလျှင် ဒေါသအရိပ်အယောင်ဆိုလို့ မြူတစ်မှုန်စာတောင် သူတို့ မတွေ့ကြရပါ။

မူးပြီး တခြားတစ်ယောက်နှင့် နမ်းနေသည့် စေ ကတော့ သူတို့ရောက်လာသည်နှင့် စိတ်ဆိုးပြီးတွန်းထုတ်ဖို့ကို သတိမမေ့။ အထူးသဖြင့် စေက ချမ်းလက်တွေကို အတင်းဖယ်ချပြီး ချမ်းကို အထိမခံပေ ။

" တော်လောက်ပြီ စေ ...အိမ်ပြန်ကြရအောင် "

" ဘာလို့ပြန်ရမှာလဲ ... ခင်ဗျားနဲ့ကျနော် ကွာရှင်းမယ်လို့ ပြောပြီးသား "

" စေ ဘာတွေအထင်လွဲနေတာလဲ ....ကိုယ့်ကို သေချာပြောမှ ကိုယ်ဖြေရှင်းလို့ ရမှာပေါ့ "

" ခင်ဗျားကို ဘာမှပြောစရာ မရှိဘူး "

" စေ ... "

" ခင်ဗျားပါးစပ်က ကျနော့်နာမည်ကို မခေါ်နဲ့ "

စေအော်လိုက်သည့် အသံရော ၊ ဆွဲလားရမ်းလားနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အခြေအနေရောပေါင်းပြီး ဘားတစ်ခုလုံးမှာရှိသည့် လူအားလုံး၏ အကြည့်တို့က သူတို့ဆီ စုပြုံလာကြသည် ။ လုံခြုံရေးနှစ်ယောက်လည်း ရောက်လာပြီး ပြဿနာကို အပြင်မှာဖြေရှင်းဖို့ သတိပေးလာ၏ ။ ထို့နောက် စေ့ကို အတင်းဆွဲချုပ်ပြီး ခေါ်သွားကြဖို့ ဖိုးကဲတို့နှစ်ယောက်ကို ချမ်း မျက်ရိပ်မျက်ကဲပြလိုက်ရသည် ။

" သူ မလိုက်ချင်တာကို အတင်းမခေါ်ပါနဲ့လား ကိုချမ်းငြိမ်းရာ "

"ဝင်မပါနဲ့ .... မင်းကိစ္စမဟုတ်ဘူး "

စေ့ကိုဆွဲထားသော ရှိန်းလက်တွေကို သူ အားနှင့် ဖြုတ်ချပစ်လိုက်သည်။ စေ့အပေါ်မှာ ဒီကောင်လေး မရိုးသားမှန်း သိပါလျက်နှင့် စေနှင့်အပေါင်းအသင်း လုပ်နေတာကို အစကတည်းက မတားဘဲ လွှတ်ထားပေးခဲ့မိတာကိုက သူ့အပြစ် ။

" နောက်ထပ်  ငါ့အမျိုးသားအနားမှာ မင်းကို ထပ်မမြင်ရစေနဲ့ ရှိန်း .... မဟုတ်လို့ကတော့ စီးပွားရေးလောကမှာ မင်းအဖေနာမည် သုံးစားလို့မရ ဖြစ်သွားစေရမယ် ... ဒါ နောက်ဆုံး သတိပေးခြင်းပဲ "

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Donde viven las historias. Descúbrelo ahora