( Uni )
' ချမ်းအေးစေရာ '
မိုးတိမ်ပုံစံ ထွင်းထားသည့် ကျွန်းပြားလေးပေါ်မှာ စေကိုယ်တိုင်ရေးထားသော အမည်စာလုံးလေးများကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း နှစ်ခြိုက်စွာ ပြုံးမိသည်။ နောက်ပြီး ထိုသစ်သားပြားလေးကို အစွန်းနှစ်ဖက်ကနေ ကြိုးနှင့်ဆွဲပြီး သစ်ပင်ပေါ်ကအိမ်ကလေး၏ တံခါးဝမှာ ချိတ်ထားလိုက်သည် ။
တစ်အိမ်လုံး အဝါရောင်ဆေးတွေသုတ်ထားသည့် သစ်ပင်ပေါ်က အိမ်ကလေးက ကိုကိုနှင့်စေတို့ရဲ့ ပျော်ရွှင်ခြင်းအိမ်ကလေးလည်းမည်၏ ။
Norderneyကနေ ပြန်လာပြီးနောက်ပိုင်း စေတို့နှစ်ယောက် ချမ်းရိပ်မြုံမှာ ပိုပြီးအနေများသလို ကိုကိုကလည်း စေ့ကို ငယ်ငယ်က အမှတ်တရလေးများဆီ မကြာခဏ ပြန်ခေါ်သွားလေ့ရှိပါသည် ။ ထိုအမှတ်တရတွေထဲ ဒီအိမ်လေးလည်း အပါအဝင် ။
ဟိုတုန်းက ပျက်စီးသွားသည့် သစ်ပင်ပေါ်က အိမ်ကလေးနေရာမှာ အခု အိမ်လေးကို ပြန်ဆောက်ဖို့ အရင်စိတ်ကူးရသူက ကိုကိုပင် ။
ငယ်ငယ်ကလိုမျိုးတော့ အိမ်လေးထဲမှာ ကစားစရာအရုပ်တွေ မရှိ ။ သစ်ပင်ခြေရင်းမှာလည်း စက္ကူလေယာဉ်တွေ ပျံ့ကြဲမနေ ။ အဲဒီအစား ကိုကိုတီးလေ့ရှိသည့် အညိုရောင်ဂီတာလေးတစ်လက်နှင့် ၁၉၈၀ ခုနှစ်လောက်ကပုံစံမျိုး ထုတ်လုပ်ထားသော Bluetooth ရေဒီယိုလေးတစ်လုံးသာ ရှိသည် ။
နောက်ရက်မှ အိပ်ရာခင်းစောင်တစ်ထည်နှင့် ခေါင်းအုံးလေးလည်း ထည့်ထားရဦးမည် ။ ခေါင်းအုံးကတော့ ကိုကို့ဖို့ တစ်လုံးဆို လုံလောက်ပါပြီ ။ စေ့အတွက်က ကိုကို့ရင်ဘတ် ရှိနေရင် ရပြီလေ ။
" အဟွန်းဟွန်း "
ကိုယ့်စိတ်ကူးကိုယ်သဘောကျစွာ ပြုံးရင်း သစ်ပင်ပေါ်က ဆင်းဖို့လုပ်နေစဉ် ကိုကိုတစ်ယောက် သူ့ဆီလာနေတာ တွေ့ရသည် ။ ဖုန်းပြောရင်း သဘောတကျ ရယ်နေတာတော့ ဘာအကြောင်းလဲမသိ ။
လှေကားနှစ်ထစ်လောက်သာဆင်းပြီး စေ ဒီအတိုင်း ခုန်ချတော့ ကိုကို ပြေးလာသည့်ပုံစံက အထိတ်ထိတ်အပျာပျာ ။
" ခြေထောက် နာသွားမယ်လေကွာ "
" ဒီလောက်လေးနဲ့ နာရအောင် စေက ငါးနှစ်သားမှ မဟုတ်တာ "
ESTÁS LEYENDO
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }