( Uni )
ရှိန်းက စေ့အတွက် ဘယ်လိုလူ ဖြစ်လာမလဲ မသိပေမဲ့ လောလောဆယ်တော့ စေအဖော်ရနေတာ အမှန်ပါ။ တချို့နေ့တွေဆို သူ့ကို အိမ်အထိလာခေါ်ပြီး မန္တလေးမှာ သူ မရောက်ဖူးသေးသည့် နေရာတွေ လိုက်ပို့ပေးတတ်သည်။ ညဘက်ဆိုလျှင်တော့ ရှိန်းသွားတတ်သည့် ဘားတွေပါ သူ့ကို ခေါ်သွားတတ်၏။ ပြီးလျှင်လည်း အိမ်တိုင်ရာရောက် ပြန်ပို့ပေးသည်။
သူ့ထက် နှစ်နှစ်လောက်ငယ်သော ရှိန်းက သူ့ကိုသာ စိတ်ဝင်စားနေသည့် အရိပ်အယောင်တွေ မပြတတ်ဘူးဆိုလျှင် ဒီနိုင်ငံမှာ စေ့အတွက် တစ်ဦးတည်းသော ကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်လာနိုင်သည်။ သို့သော်လည်း သူနှင့်ကိုချမ်းငြိမ်းရာတို့၏ ဆက်ဆံရေးကို အမြဲမေးပြီး စူးစမ်းနေတတ်သော ရှိန်းဆီမှာ သူ့အပေါ် မရိုးသားတဲ့ ခံစားချက်တွေ ရှိနေတာကို စေ ရိပ်မိပြီးသားပါ။
" အစ်ကို အခုလို ကျနော်နဲ့ ညဘက်တွေ လျှောက်လည်နေတာ အစ်ကို့ယောက်ျားက ဘာမှမပြောဘူးလားဟင် "
အစ်ကို့ယောက်ျားဆိုသော အသုံးအနှုန်းကြောင့် စေ ဟက်ခနဲ ရယ်မိသည် ။ အဲဒီအသုံးအနှုန်းက မှန်သလိုလို ၊ မမှန်သလိုလို ။ စေလည်း သေချာမသိ ။
" အစ်ကို အခုလို အပြင်ရောက်နေတာရော သူသိရဲ့လား "
" သိချင်လဲ သိမှာပေါ့ ၊ ဒါပေမဲ့ အစ်ကိုတို့က ကိုယ့်အကန့်နဲ့ကိုယ် နေကြတာဆိုတော့ တစ်ယောက်ဘာလုပ်လုပ် ကျန်တဲ့တစ်ယောက်က ဝင်စွက်ဖက်လေ့ မရှိဘူး "
" အင်း .... ကျနော်ကတော့ ဝင်စွက်ဖက်ချင်တယ်နော် ... အစ်ကို လုပ်ချင်တာ ၊ ဖြစ်ချင်တာ ဘာပဲရှိရှိ ကျနော့်ကိုပြော .... အစ်ကို့အတွက်ဆို ကျနော်က အမြဲအဆင်သင့်ပဲ "
ညုတုတု အပြုံးနှင့် အကြည့်များကို မသိကျိုးကျွံပြုထားရင်း အလိုက်အထိုက် ပြုံးဖြစ်သည် ။ ဒီလိုစကားတွေက နယူးယော့ခ်မှာ ဖန်တရာတေအောင် စေကြားဖူးနေကြတွေ ။ ပြောရမယ်ဆို သူ့အတွက် ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကနေ တန်းထွက်သွားသည့် အပြောမျိုးတွေ ။ ရှိန်းဘာပြောပြော စေ အပြုံးမပျက်ဘဲ မှန်ချထားသည့် ကားပြတင်းကနေသာ အပြင်ကို ငေးကြည့်ဖြစ်သည် ။
YOU ARE READING
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }