( Uni )
" စေ ...ကိုယ်စာပို့ထားတာ မင်း မမြင်ဘူးလား "
ဂျပန်က တင်သွင်းလာမည့် ကားတွေ နှစ်သစ်ကူးပြီးမှ ရောက်မည့်အကြောင်း ပါပါးဆီသွားသတင်းပို့ရင်း marketingအဖွဲ့နှင့်ပါ စကားဝင်ပြောနေသဖြင့် မိနစ်နှစ်ဆယ်လောက်ကြာသွားသည့် စေ့နောက်ကို ကိုကိုက လိုက်လာသည်။ နောက်ပြီး ဝန်ထမ်းတွေရှေ့မှာပဲ ရုပ်တည်ကြီးနှင့် စေ့လက်ကိုဆွဲပြီး ရုံးခန်းထဲပြန်ခေါ်သွား၏ ။
- ဘာလို့ပြန်မလာသေးတာလဲ စေ
- ကြာလှပြီ၊ ဘာတွေလုပ်နေတာလဲ
-မင်းပြောတော့ ငါးမိနစ်လောက်ဆို၊ အခု ငါးမိနစ်မကတော့ဘူးလေ
-ဂျပန်က ကားတွေရောက်မဲ့အကြောင်း သွားပြောတာ ဒီလောက်ကြာဖို့လိုလို့လား
စောစောက ကိုကိုပို့ထားသည့် messageများ ။ စေ မြင်ပေမဲ့ စကားပြောနေ၍ တမင် စာမပြန်ခဲ့ခြင်းပင် ။ ဒါကို ကိုကိုက မနေနိုင်မထိုင်နိုင် လိုက်ခေါ်၏ ။ ဝန်ထမ်းကောင်မလေးအချို့က စေတို့ကို ခိုးကြည့်ပြီး ပြုံးနေကြသဖြင့် စေ မျက်နှာပူချင်သလိုလို ဖြစ်ရသည် ။ ကိုကိုအဖြစ်သည်းနေပုံကြီးက တအားသိသာနေတာ မဟုတ်ဘူးလား ။
" ဒါက ဘာဖြစ်ရပြန်တာလဲ ကိုကို "
" ဘာကိုလဲ .... မင်းက စာမပြန်လို့လေ "
" ကျနော်က အဝေးကြီးသွားတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ စာပို့နေတာလဲလို့ "
" ကြာနေလို့လေ .... မင်း ကိုယ့်ကိုပြောသွားတော့ ငါးမိနစ်ဆို "
" ဆယ့်ငါးမိနစ်လောက်ပဲ ရှိသေးတာလေဗျာ "
" ဆယ့်ငါးမိနစ် မကတော့ပါဘူး "
" မိနစ်နှစ်ဆယ်ပဲရှိသေးတာ "
" အဲဒါလဲ ကြာတာပဲ "
ကိုကိုက ဒီရက်ပိုင်း စေ့ကို မျက်စိအောက်ကကို အပျောက်မခံ ။ စေ ဘယ်သွားသွား နောက်ကနေအမြဲလိုက်ကပ်နေသည် ။ အိမ်လည်း အိမ်မှာမို့၊ ကုမ္မဏီလည်းကုမ္မဏီမှာမို့။ စေ ငါးမိနစ်လောက်ပျောက်သွားသည်နှင့် လိုက်ရှာချင်ရှာ၊ ဖုန်းဆက်ချင်ဆက်ဖြင့် ပျာယာတွေခတ်နေ၏ ။
ခရစ်စမတ်တုန်းက စေက Walkman လေး လက်ဆောင်ဝယ်ပေးလို့ အရင်ကထက် စေ့အပေါ် ပိုသံယောဇဉ်တွယ်သွားတာလား၊ ဒါမှမဟုတ် ကိုကို တစ်ခုခုများ ဆေးစားမှားသွားသလားတော့ စေလည်း မသိတော့ပေ။
YOU ARE READING
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }