Part 8

2K 164 6
                                    

( Unicode )

မှတ်ဉာဏ်ထဲမှာ ဝိုးတဝါးသာရှိသော စေ့ရဲ့ငယ်ဘဝဟာ ဒီလောက်ထိပျော်စရာကောင်းလိမ့်မည်ဟု စေ ထင်မထားခဲ့ပါ။

ဖြစ်နိုင်လျှင် Shimano ပြိုင်ဘီးအစိမ်းရောင်လေး၏ ရှေ့တန်းပေါ်မှာ ကိုကိုက သူ့ကိုတင်စီးပြီး သူတို့လမ်းထိပ်က စာအုပ်အငှားဆိုင်ကို ခေါ်သွားတတ်သည့် နေ့ရက်တွေကို တစ်ခါလောက် ပြန်ပြီးအလည်သွားချင်သည်။ လေတံခွန်လေး မိုးပေါ်တက်ဖို့ နှစ်ယောက်အတူ ချွေးတလုံးလုံးဖြင့် လွှတ်တင်ခဲ့ရသော ညနေခင်းတွေဟာ မျက်လုံးထဲမှာ ပုံဖော်ကြည့်ရုံဖြင့်ပင် ဘယ်လောက် သာယာလှပလိမ့်မလဲဆိုတာ သိနိုင်၏။ ကိုကို့အဖေရဲ့ မှန်ဘီလူးကြီးကို treehouseလေးပေါ် ခိုးယူလာပြီး ဘေးအိမ်တွေကို ချောင်းကြည့်ခဲ့ကြသည့်အမှတ်တရမျိုးကတော့ အပြောနဲ့တင် တော်တော်ရယ်နေရပါသည်။ ကိုကိုကျောင်းပြန်တိုင်း ဝယ်လာပေးခဲ့သည့်မုန့်က အဲဒီအချိန်တုန်းက သူ့အတွက် အကြိုက်ဆုံးစားစရာ ဖြစ်ခဲ့လိမ့်မည်ဆိုတာ မလွဲပါ။

အကယ်၍ ကုန်လွန်ခဲ့သော သက္ကရာဇ်တွေဆီ တစ်နည်းနည်းဖြင့် ဆက်သွယ်လို့ရမည်ဆိုပါက ခြောက်နှစ်ခုနစ်နှစ်အရွယ်က စေ့ဆီကို အခုစေက ဆက်သွယ်ချင်ပါသည်။  အဲဒီအရွယ်က မှတ်ဉာဏ်တွေကို ဘာတစ်ခုမှ ချန်မထားခဲ့ဘဲ တစ်လျှောက်လုံး သိမ်းဆည်း ယူဆောင်လာခဲ့ဖို့ကို ဖုန်းဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ လှမ်းပြီး မှာချင်၏။ ပြီးတော့ ကိုကို့လက်ပေါ်မှာ အမာရွတ်ကျန်တဲ့အထိ အနာတရဖြစ်အောင် မကိုက်ဖို့ကိုလည်း သူသတိပေးချင်ပါသည် ။

ငယ်ငယ်က ကိုကိုပြောပြတဲ့ ပုံပြင်ကိုနားထောင်ရင်း ဘေးမှာအိပ်ပျော်သွားတတ်သည့် စေက ညကလည်း ကိုကိုပြောပြသည့် သူတို့ငယ်ဘဝ အမှတ်တရတွေကို နားထောင်ရင်းပဲ မျက်လုံးတွေမှေးစင်းလာခဲ့သည်။ စေ့လက်တစ်ဖက်ပေါ် လာတင်ခဲ့သည့် ဂီတာတီးတတ်သည့် လက်ချောင်းတွေကို ကျန်လက်တစ်ဖက်နှင့်ပါ အုပ်ကိုင်ထားလိုက်တော့ လက်ဖဝါးတွေဆီက အနွေးဓာတ်က နှလုံးသားထဲအထိပါ ကူးစက်လာ၏ ။ မျက်နှာချင်းဆိုင်ကနေ စေ့မျက်နှာပေါ် လာရိုက်ခတ်သည့် ဝင်သက်ထွက်သက်လေးက စေ တစ်ခါမျှ မခံစားခဲ့ရဖူးသည့် စိတ်လုံခြုံအေးမြမှုမျိုးကို ပေးစွမ်းနိုင်ပါသည်။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Tempat cerita menjadi hidup. Temukan sekarang