Part 18

1.7K 131 22
                                    

( Uni )

ရယ်ရတာနည်းနည်း မောရတာများများ နေ့ရက်များပါပဲ... ။

ရင်ထဲမှာ စိုးရိမ်ပူပင်မှုတွေနှင့် ပြည့်နှက်နေသော်လည်းကိုကို့ရှေ့မှာဆို ဘာမှမဖြစ်သလို စေ ဟန်ဆောင်ထားရသည်။ စိတ်လက်ပေါ့ပါးစေမည့် စကားတို့ကိုသာ ရွေးချယ်ပြောရ၏။ သူ့အပြုအမူတွေအားလုံးမှာ ဝမ်းနည်းနာကျင်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မပေါ်လွင်စေရ။ အရင်တုန်းက ကိုကို တစ်ချိန်လုံး သူ့ဘေးမှာ နေခဲ့သလိုမျိုး။

" ကိုကိုက ကျနော့်အချစ်ဦး မဟုတ်ဘူး သိလား "

သူ့ပေါင်ပေါ်ခေါင်းအုံးထားသော ကတုံးပြောင်ပြောင်ကို ငုံ့နမ်းပြီးပြော‌တော့ မှိတ်ထားသည့်မျက်ဝန်းတွေ ပွင့်လာသည်။

" ကိုယ်ထင်ပါတယ် .... မင်းမှာ ရည်းစားတွေ ဒီလောက်များခဲ့မှတော့ "

" No....no....သူတို့ထဲကမဟုတ်ဘူး .....အဲဒီလူတွေကို ကျနော် တစ်ယောက်မှ မချစ်ဖူးဘူး "

" ဒါဆို ဘယ်သူလဲ "

" Brad Pitt... "

" ပေါက်ကရတွေ ပြောတော့မှာ "

" တကယ်ပါဆို .... ကျနော်က ယောက်ျားလေးတွေကိုလဲ စိတ်ဝင်စားမှန်း Brad Pittကိုကြည့်ပြီး သိခဲ့တာ "

ကိုကိုက သူ့စကားကို ယုံလားမယုံလား မသိ။ အနည်းဆုံးတော့ ပြုံးနေတာမြင်ရသဖြင့် သူလည်းစိတ်သက်သာရသည်။

" ထားပါတော့ .... အချစ်ဦး မဖြစ်ရလဲ ကိစ္စမရှိပါဘူး "

" တကယ် ဘာမှမဖြစ်ဘူးလား "

" အွန်း...အချစ်ဦးမဖြစ်ရပေမဲ့ အချစ်ဆုံးဖြစ်ရရင် ပြီးတာပဲလေ "

" အချစ်ဆုံးလဲ မဟုတ်ဘူး "

" ဒါဆို ကိုယ်က ဘာလဲ "

အောင့်သက်သက်လေသံကြောင့် စေပြုံးမိသည်။ တွန့်ချိုးချင်နေသော မျက်ခုံးနက်နက်တို့က အရင်လို ထူထဲမနေဘဲ ပါးလျသွားတာကိုတော့ မသိကျိုးကျွံပြုထားရင်း။

" ကိုကိုက ကျနော့်ရဲ့ ချစ်မဆုံးလေး .... ဘယ်တော့မှ ချစ်လို့ဆုံးမှာ မဟုတ်တဲ့ ချစ်မဆုံးလေး "

" စကားတတ်တိုင်းပြောနေ "

ကိုကိုက သူ့မေးဖျားကို ဆွဲညှစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်သည် ။ထိုအခိုက်အတန့်မျိုးကား ကမ္ဘာပေါ်ရှိ အလှဆုံးသောပန်းများ တပြိုင်နက်တည်းပွင့်သည်ထက်ပင် ပို၍နှစ်လိုဖွယ်ကောင်းလှ၏ ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ