Part 7

6.5K 388 25
                                        

( Uni )

" ကိုချမ်းငြိမ်းရာက ဘယ်လိုလူလဲဟင် အစ်ကို "

တဖွဲဖွဲကျနေသော စက်တင်ဘာမိုးရေစက်တွေအောက်က မန္တလေးမြို့ကြီးအား အထပ်မြင့်ကွန်ဒိုတစ်ခု၏ မှန်ချပ်တွေကတစ်ဆင့် ငေးမောကြည့်ရင်း စေ့နောက် ခြေလှမ်းငါးလှမ်းအကွာလောက်ကနေ မေးလာသည့် ရှိန်းရဲ့မေးခွန်းကို စေ ဘာမှပြန်မဖြေဖြစ်။ အဲဒီအစား လက်ထဲကကော်ဖီပူပူကိုသာ မှုတ်ပြီး ဖြည်းဖြည်းချင်းသောက်နေမိသည်။ တကယ်တော့ အဲဒီအဖြေကို စေကိုယ်တိုင်လည်း သိချင်နေ၏။

ကိုကိုက ဘယ်လိုလူလဲ။

ညဘက်ဆို စေ အိပ်ပျော်နေပြီဟု ယူဆရသည့်အချိန်လောက်မှ အခန်းထဲကို တိတ်တိတ်လေး ဝင်လာတတ်ပြီး တစ်ခါတလေ ဘာမျှမပြောဘဲ ရပ်ကြည့်ကာ ပြန်ထွက်သွားတတ်သည့်လူ ၊ တစ်ခါတလေ စေ့လက်ဖဝါးထဲကို လက်ညှိုးတစ်ချောင်းထည့်ပြီး " ငယ်ငယ်ကလို လက်ကို ပြန်ဆုပ်မထားတော့ဘူးပဲ" ဟုပြောပြီး ခပ်တိုးတိုးရယ်နေတတ်သည့်လူ ၊ တစ်ခါတလေ စေ့ဘေးမှာ ဝင်ထိုင်ပြီး စေ့မျက်တောင်ဖျားတွေကို လက်နှင့်တို့ကြည့်ပြီး ရေတွက်နေတတ်သူ ၊ တစ်ခါတလေ စေ့နဖူးပေါ်ကျနေသည့် ဆံပင်လေးများကို အသာသပ်တင်ပေးပြီး နားသယ်စပ်လေးကို ခပ်ဖွဖွလေးနမ်းရင်း Good Nightဆိုပြီး ပြောသွားသည့်လူ။

သို့သော်လည်း အဲဒီလူက နေ့ဘက်မှာ စေနှင့် မျက်နှာချင်းဆိုင်မိလျှင် တိတ်တဆိတ်သာ ကြည့်နေတတ်ပြီး အဲဒီလူ့ဆီက စေ ကြားရတာဆိုလို့လည်း ကုမ္မဏီအတူလိုက်ပြီး လုပ်ငန်းအကြောင်း လေ့လာဖို့သာ ဖြစ်သည်။

" အစ်ကိုတို့အခြေအနေက ဒီလိုပဲ ရှေ့ဆက်သွားမှာဆိုရင်တော့ ပျင်းစရာကြီးနော် "

ရှိန်းဘာပြောပြော စေ့ဆီမှာ ပြုံးနေရုံကလွဲပြီး တုန့်ပြန်စရာစကားမရှိ ။

ပျင်းစရာကြီးဆိုပေမဲ့ ညညဆိုလာပြီး ခိုးနမ်းတတ်သည့် အနမ်းငယ်လေးတွေကတော့ ရူးလောက်အောင် ရင်ခုန်စရာကောင်းတယ်ဆိုတာ သူကလွဲပြီး ဘယ်သူသိမှာလဲ ။ သူ့ဘေးမှာထိုင်ပြီး တစ်ယောက်တည်း ပြောနေသည့် စကားတွေကို အိပ်ချင်ယောင်ဆောင်ရင်း ကြိတ်နားထောင်ရသည့် ပျော်ရွှင်မှုမျိုးကို သူကလွဲပြီး ဘယ်သူ ခံစားဖူးမှာလဲ ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now