Part 12

6.5K 325 22
                                        

( Uni )

ဆောင်းရနံ့တွေ ဝေ့ဝဲနေပြီဖြစ်သည့် နိုဝင်ဘာမနက်ခင်းအေးအေးလေးက ရေမွှေးနှင်းဆီတွေဖြင့် အလှဆင်ထားသည့် ကြီးကျယ်ခမ်းနားသော မင်္ဂလာအခမ်းအနားနှင့် ပနံရစွာ လတ်ဆတ်မွှေးပျံ့နေသည် ။  မင်္ဂလာပွဲကို စေတို့ရောက်လာသည့်အချိန်က ဧည့်သည်တော်တော်များများပင် စုံနေပြီ ။

အဖြူရောင် လည်ကတုံးလက်ရှည်နှင့် နံသာရောင်ပိုးပုဆိုးကို ဆင်တူဝတ်ထားပြီး တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ကာ ဝင်လာသည့် စေတို့နှစ်ယောက်က ဧည့်ပရိတ်သတ်တော်တော်များများ၏ အာရုံစူးစိုက်ခြင်းကိုလည်း ခံရပါသေးသည် ။

စေတို့ကိုမြင်တော့ ဒီနေ့ပွဲ၏ အဓိကအရေးပါဆုံးသော သတို့သမီးဖြစ်သူက သတို့သားလက်ကိုဆွဲကာ စေတို့ဆီ ဝမ်းသာအားရ လာနှုတ်ဆက်၏ ။

" အခုမှ ရောက်လာကြတယ် .... ငါဖြင့် အစောကြီးကတည်းက မျှော်နေတာ "

" အစောကြီးထွက်လာတာပဲ ရတနာရဲ့ ... လမ်းမှာ ကားနည်းနည်းပိတ်နေလို့ "

မိတ်ကပ်ရောင် ထိုင်မသိမ်းဝတ်စုံကို ဆင်မြန်းထားသည့် မရတနာက ကျက်သရေရှိသည့် အလှမျိုး ပိုင်ဆိုင်ထားသူပင်။ မျက်နှာလေးက လှသလို စကားပြောပုံလေးကလည်း နွေးနွေးထွေးထွေး ဖော်ဖော်ရွေရွေ ။

ကိုကိုက သတို့သားနှင့် သတို့သမီးကို ဂုဏ်ပြုစကားဆိုရင်း စေနှင့်လည်း မိတ်ဆက်ပေး၏ ။

" ဓာတ်ပုံထဲမှာပဲ မြင်ဖူးပြီး နာမည်သာခဏခဏကြားဖူးနေတာ ....အခုမှပဲ လူချင်းတွေ့ရတော့တယ် ....အစ်မတို့က မောင်လေးနဲ့ မိတ်ဆက်ပေးဖို့ ချမ်းကို ပြောနေတာကြာပြီ .... အကြောင်းမတိုက်ဆိုင်တာနဲ့ မဆုံကြရဘူး .... မောင်လေးတို့ မင်္ဂလာဆောင်တုန်းကလဲ အလုပ်ကိစ္စနဲ့ ခရီးလွန်နေလို့ မလာခဲ့ရဘူး "

" အစ်မက လှလိုက်တာ  .... ဒီလောက်လှတဲ့ သတို့သမီး ကျနော် တစ်ခါမှ မမြင်ဖူးဘူး "

ပြန်နှုတ်ဆက်ရမည့်အစား စေ မြင်တဲ့အတိုင်းပြောတော့ သတို့သမီးက ရှက်ပြုံးလေးပြုံးပြီး ရယ်သွားသလို သူ့ကိုကြည့်လာသော ကိုကို့မျက်ဝန်းတွေမှာလည်း အံ့ဩရိပ်တွေဖြင့် ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Donde viven las historias. Descúbrelo ahora