Part 14

2.4K 177 10
                                    

( Uni )

" ကိုကို ရေချိုးလို့ပြီးပြီ မဟုတ်ဘူးလား .... ထွက်မလာဘဲနဲ့ ဘာလုပ်နေတာလဲ ... သွားစရာရှိတာကို သွက်သွက်လက်လက် မလုပ်ဘူးဗျာ "

ရေချိုးခန်းအပြင််ကနေ လှမ်းအော်သည့် စေ့အသံကြောင့် ချမ်းငြိမ်းရာ မှန်ထဲက ကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်နေရာကနေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည် ။ တစ်ခါတည်း အသင့်ယူလာသော အဖြူရောင်ရှပ်လက်ရှည်ကို စတိုင်ပင်အနက်နှင့်တွဲဝတ်ပြီး လည်ပင်းတစ်ခုလုံး လုံနေသည့် polo coat အရှည်တစ်ထည်ကို ကြယ်သီးအစေ့တပ်ဝတ်လိုက်၏။ ရေချိုးခန်းထဲက သူထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်စောင့်နေသည့် စေက  သူ့ကို အထူးအဆန်းသဖွယ် ကြည့်လာသည်။

" တော်တော်ချမ်းနေတာလား  "

" အွန်း... ရာသီဥတုက ဒီနေ့ပိုအေးသလိုပဲ .... စေရော မချမ်းဘူးလား "

" မချမ်းပါဘူး "

‌နယူး‌ယော့ခ်လိုမျိုး ဆောင်းရာသီဆို နှင်းကျသည့် အရပ်မှာ နေလာခဲ့သူမို့ မန္တလေးရဲ့ ဒီဇင်ဘာအအေးဒဏ်လောက်က စေ့အတွက် သိပ်ပြီး မှုစရာမဟုတ်ပါ ။ ဟူဒီအပါးတစ်ထည် ဝတ်ထားရုံနှင့် လုံလောက်သည်။

" ဒါနဲ့ ဘာလို့ ရေချိုးခန်းထဲတင် အဝတ်အစားလဲလာတာလဲ  .... အပြင်ကျမှ မလဲဘဲနဲ့ "

" တစ်ယောက်ယောက်က ကြည့်နေမှာစိုးလို့လေ "

" ဘာ.....ဟုတ်တယ် ....ကျနော်က ခင်ဗျားခန္ဓာကိုယ်ကို မမြင်ဖူးဘူးဆိုတော့ "

" မြင်ဖူးလဲ ထပ်ကြည့်ချင်ရင် ကြည့်ချင်နေမှာပေါ့ .... ပြောမရဘူးလေ ....  ကိုယ့်ဘက်က တစ်ခါတည်း ကြိုတင်ကာကွယ်ထားရတာ "

မနက်စောစောစီးစီးမို့ စေ ပြိုင်ပြောမနေတော့ဘဲ ပေစောင်းစောင်းကြည့်ပြီး အခန်းထဲက အရင်ထွက်လာတော့ ကိုကိုက ရယ်လျက် နောက်ကနေ သူ့ဆံပင်တွေကို ဆွဲဖွရင်း လိုက်လာခဲ့သည်။

ထို့နောက် အိမ်မှာပဲ မနက်စာစားပြီး နှစ်ယောက်သား ကားတစ်စီးဖြင့် မန္တလေးမြို့ကနေ ထွက်လာခဲ့၏ ။ တကယ်တော့ ကိုကို ဘယ်သွားနေမှန်း စေမသိပါ ။ မေးတော့လည်း ဟိုရောက်ရင် သိရမှာပေါ့ဟုသာဖြေသည် ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Tahanan ng mga kuwento. Tumuklas ngayon