( Uni )
" ဟိတ်ကောင် ....အချေကိုယ်တော်လေး .... ငါ ခေါ်နေတာကို မကြားတာလား .... ဂရုမစိုက်တာလား မင်းက "
Pet foodတွေရောင်းသည့်ဆိုင်မှာ အိမ်ကသားသမီးတွေအတွက် အစာလာဝယ်ရင်း ဆိုင်က မီးခိုးရောင် အမွှေးပွပွနှင့် Persianအမျိုးအစား ကြောင်ဝတုတ်ကလေး၏ မျက်နှာကို စေ လက်ဖြင့်ညှစ်ပြီး စနောက်တော့ စူပုတ်နေသည့်ရုပ်နှင့် ကြောင်ကလေးက စေ့ကို မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်သည်။
အိမ်မှာလည်း ဒီလို Persianအမျိုးအစား အဖြူလေးနှင့် အနက်လေးနှစ်ကောင်ရှိ၏။ အဖြူရောင် ကြောင်မလေးအမည်က မိုချီဖြစ်ပြီး အနက်ရောင်အထီးလေးကိုတော့ မိုင်လိုဟု ခေါ်သည်။ မိုင်လိုနှင့်မိုချီတို့မှာ အော်စကာဟုခေါ်သော Samoyed အစ်ကိုကြီးလည်းရှိသေးသည်။
" မြောင် ... "
" ဘာလဲ .... ငါ့ကို ရန်ထောင်တာလား.... ရုပ်ကြီးကလဲ စူပုတ်နေတာပဲကွာ "
အိမ်က ကလေးတွေအတွက် လိုအပ်သည့်အစာတွေ လာဝယ်တိုင်း ဒီဆိုင်က ကြောင်ကလေးကို ပွေ့ညှစ်ပြီး စတတ်တာလည်း စေ့အကျင့်။ Norderneyမှာ နေလာတာ တစ်နှစ်လောက်ရှိပြီမို့ ဒီဆိုင်ပိုင်ရှင်ရော ဒီကလူတွေနှင့်ပါ သူ တော်တော်လေး ရင်းနှီးနေခဲ့ပြီ။ မန္တလေးမှာထက်တောင် ဒီမှာ သူနှင့် ခင်တဲ့သိတဲ့သူ ပိုများသေး၏။
စေကိုယ်တိုင်လည်း ဒေသခံတစ်ယောက်လို ဖြစ်နေပြီ။
" မင်းအိမ် ခေါ်သွားပါကွာ ဒီကောင်ကို .... လိုက်သွား ကောင်လေး "
" မြောင်..မြောင် "
ဆိုင်ရှင်ဦးလေးကြီး သူတို့အနားရောက်လာသည်နှင့် ကြောင်လေးက သူ့လက်ထဲကနေရုန်းပြီး သူ့သခင်ကိုယ်ပေါ် ပြေးတက်သည်။ ထို့နောက် ဦးလေးကြီးနှင့် စကားအနည်းငယ်ပြောပြီး ဝယ်လာသည့် အစာထုပ်တွေကို E-bike ရှေ့ခြင်းထဲထည့်ကာ ဈေးရှိရာ ဆက်ထွက်လာခဲ့၏ ။ မနက်စာနှင့် နောက်သုံးရက်အတွက် ချက်ဖို့ပြုတ်ဖို့ လိုအပ်တာတွေ ဝယ်ရဦးမည် ။
" ဟေး ... စေ "
ခေါ်သံကြား၍ လှည့်ကြည့်မိတော့ ပင်လယ်ဖျံထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှ ဝန်ထမ်းတစ်ယောက် ။ ဒီတစ်နှစ်အတွင်း ပင်လယ်ဖျံဂေဟာကို အခေါက်ပေါင်းများစွာရောက်ပြီးနောက် ဂေဟာက ဝန်ထမ်းတော်တော်များများနှင့် ခင်မင်နေရုံသာမက ပင်လယ်ဖျံတွေအကြောင်းကိုပါ စေ တော်တော်နှံ့နှံ့စပ်စပ် သိနေပါပြီ။
ESTÁS LEYENDO
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }