Part 6

1.8K 169 8
                                    

( Uni )

" အချစ်က နာကျင်ရတယ်ဆိုတော့ မင်းကဆက်မချစ်တော့ဘူးလား "

Malibu ကမ်းခြေ၏နေဝင်ချိန်ကို ကြည့်ရင်းနှင့် Nickရဲ့ မေးခွန်းကို စေ မဖြေဘဲ ဒီနေ့အတွက် ဘယ်နှစ်လိပ်မြောက်မှန်းမသိသည့် စီးကရက်ကိုသာ မီးညှိပြီး အားပါးတရရှိုက်ဖွာဖြစ်သည်။  လိမ္မော်ရောင်ရင့်ရင့် နေမင်းက ပစိဖိတ်သမုဒ္ဒရာ၏ မိုးကုတ်စက်ဝိုင်းပေါ်ကို ကျော်လွန်ပြီး သူတို့ထိုင်နေသည့် သဲသောင်ပြင်နှင့် ကမ်းခြေဆီ လာရိုက်ခတ်နေသော လှိုင်းခေါင်းဖြူလေးတွေပေါ်မှာ ရောင်ပြန်ဟပ်နေ၏။

ထန်းပင်အရိပ်တွေနှင့် အလှဆင်ထားပြီး ပင်လယ်လှိုင်းလုံးတွေထဲ နိမ့်ဆင်းသွားသည့် Malibu ကမ်းရိုးတန်း၏ ကျောက်ထရံတွေကို ကင်မရာတစ်လုံးဖြင့် ဓာတ်ပုံလှမ်းရိုက်နေရာက Noahက သူတို့ဘက်လှည့်လာပြီး

" ဆက်ချစ်မယ် မချစ်ဘူးဆိုတာ ကိုယ်ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မှ မရတာ "

" Noahပြောတာ ဟုတ်တယ် စေ ... မင်းဦးနှောက်က မချစ်တော့ဘူးဆိုရင်လဲ မင်းနှလုံးသားက ဆက်ချစ်ရင်ချစ်မှာပဲ ... သိတယ်မလား....  စကားလုံးတွေဆိုတာ ညာလို့ရပေမဲ့ ကိုယ့်နှလုံးသားထဲက ခံစားချက်ကိုတော့ ညာလို့မရဘူးလေ "

သူတို့ဘာပြောပြော စေ ကတော့ စီးကရက်ပဲဆက်သောက်နေ၍

" တော်တော့ဟ .... ဘယ်နှစ်လိပ်ရှိပြီလဲ သောက်နေတာ .... ရောဂါရကုန်မယ်  .... ပြီးတော့ဒီတိုင်း ငြိမ်နေတာ မင်းပုံစံမဟုတ်ဘူးလေ "

Noahက လက်ထဲက သောက်လက်စ စီးကရက်ကို ဆွဲယူပြီး လွှင့်ပစ်လိုက်သဖြင့် စေလည်း သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး ပြုံးမိသည် ။

" မင်းတို့ကလဲ...ငါ ငြိမ်ငြိမ်လေး အေးအေးဆေးဆေးနေချင်လို့မှ ဒီလာပါတယ်ဆို "

တစ်ပတ်လောက် အိမ်မှာ ကိုချမ်းငြိမ်းရာနှင့် မဆုံမိအောင်နေပြီးနောက်  စေ အမေရိကန်ကို ထွက်လာခဲ့သည်။

" ဒီရက်ပိုင်း စိတ်ပင်ပန်းစရာလေးရှိလို့ သူငယ်ချင်းတွေနဲ့ သွားတွေ့တယ် ။ စိတ်အဆင်ပြေတဲ့နေ့ကျ ပြန်လာမှာမို့ ဘာနဲ့မှမဆက်သွယ်ပါနဲ့ " ဟု စာတစ်စောင်ရေးပြီး ဖိုးကဲကို သူ့မိဘတွေဆီ ပေးဖို့တော့မှာခဲ့၏ ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now