Part 13

2.5K 170 4
                                    

( Uni )

ဖြစ်နိုင်လျှင် အချိန်တွေကို ရပ်တန့်ထားချင်သည်။ ဖြစ်နိုင်လျှင် လရောင်အောက်မှာ တလက်လက်တောက်ပနေသော ပင်လယ်ပြင်ကို ဖန်ဘူးလေးထဲထည့်ပြီး ချစ်ရသူကို လက်ဆောင်ပေးချင်၏။ ဖြစ်နိုင်လျှင် ...

" ကျနော်တို့ ဒီမှာပဲ အပြီးပြောင်းနေရ‌အောင် ကိုကို"

Norderney ကျွန်းလေးကို စေ ဘယ်လောက် သဘောကျလဲဆိုတာ ပြောစရာပင်မလို။ အဲဒါထက် Norderneyကို ရောက်လာကတည်းက ပေါ့ပါးမြူးထူးနေသော ကိုကို့ကို မြင်ရတာ ပို၍သဘောကျသည်။ ကုမ္မဏီရဲ့ Managing Director ဆိုသည့်ရာထူးနှင့် အဝေးမှာ တာဝန်တွေ ၊ ဖိအားတွေမရှိဘဲ စေ့ကိုသာလိုက်ပြီးစနောက်ရင်း ကြည်လင်ရယ်ပြုံးနေတာလေးကို ဖြစ်နိုင်လျှင် နေ့တိုင်းမြင်တွေ့ချင်၏ ။

" ဘယ်လိုလုပ်ဖြစ်မှာလဲ စေရဲ့... ကိုယ်တို့အလုပ်က ဒီမှာမှ မရှိတာ .... ပြီးတော့ မိဘတွေကလဲ ရှိသေးတယ် "

" ဒါဆို ခဏခဏ ဒီကိုအလည်လာရအောင် ....ဖြစ်တယ်မို့လား အဲလိုတော့ ....တစ်နှစ်ကို နှစ်ခါ သုံးခါလောက်ပေါ့ ..... နှစ်တိုင်းလာမယ် "

စောင်တစ်ထည်တည်းအောက်မှာ အတူရှိနေပြီး စေ့ဘက်ကို မျက်နှာလှည့်ထားသည့်လူက ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးနေပြီး မျက်နှာချင်း ပိုမိုနီးကပ်အောင်တိုးလာကာ နှုတ်ခမ်းတွေကို ညင်ညင်သာသာ နမ်းရှိုက်လာသည်။

ဒီအနမ်းက ကိုကိုက စေပြောတာကို လက်ခံသည့်အဓိပ္ပာယ်ဟု စေလည်း ကိုယ့်အတွေးနှင့်ကိုယ် မှတ်ယူလိုက်တော့၏ ။
                               

*****

" ကိုချမ်းငြိမ်းရာ .... "

" ဟာ ...ဘာလို့ အော်နေတာလဲ .... ငှက်လေးတွေလန့်ပြီး ထွက်ပြေးကုန်ပြီ "

သူတို့ အခုရောက်နေတာ Norderney ကျွန်း၏ ထင်ရှားသည့် အဆောက်အဦးတစ်ခုဖြစ်သော Leuchtturm မီးပြတိုက်ပေါ် မှာ ။ အမြင့်ပေ ငါးဆယ့်လေးမီတာကျော်သည့် ဒီမီးပြတိုက်က ဒီကျွန်းမှာ အမြင့်ဆုံးအဆောက်အဦးတစ်ခုဖြစ်သလို မီးပြတိုက် အပေါ်ဆုံးကနေ ကျွန်းတစ်ခုလုံး၏ အလှအပကို ကောင်းစွာရှုမြင်နိုင်သည့်အပြင် အနီးအနားက ကျွန်းစုငယ်လေးတွေကိုပါ မှုန်ဝါးဝါး လှမ်းမြင်နေရသည်။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now