( Uni )
အရင်က စေတို့နှစ်ယောက် လက်ထပ်ထားတယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးထားရုံသာရှိခဲ့ပြီး အခု အဲဒီလိုမဟုတ်တော့။
ကိုကိုက အပြင်ပန်းကြည့်လျှင် အေးတိအေးစက်နိုင်ကောင်းနိုင်ပေမဲ့ ကိုကိုနှင့် နီးစပ်သွားသည့်အချိန်မှာတော့ ကိုကို့နှလုံးသားဟာ ဘယ်လောက်နွေးထွေးလဲဆိုတာ စေ တဖြည်းဖြည်း ပိုသိလာရသည်။ ကားပေါ်က ဆင်းသည်နှင့်တပြိုင်နက် ကုမ္မဏီရုံးခန်းထဲအထိ စေ့လက်ကိုအမြဲဆွဲပြီး သွားတတ်သောကိုကိုက ကလေးတစ်ယောက်ကို လူကြားထဲ လမ်းပျောက်ကျန်ခဲ့မှာ စိုးရိမ်သည့် အုပ်ထိန်းသူတစ်ယောက်နှင့်တူလှ၏ ။ တခြားစီးပွားရေးပါတနာတွေရှေ့ စေ နေသားမကျဖြစ်နေလျှင်လည်း စေ့ပုခုံးကိုဖက်ပြီး ဘေးကနေပြုံးပြတတ်သည့်ပုံစံကတော့ "ဘာဖြစ်ဖြစ် ကိုယ်ရှိတယ်နော်"ဆိုတာကို စကားလုံးတွေမလိုဘဲ စိတ်ထဲကခံစားနိုင်အောင် ပြသနေသလိုပင် ။
တစ်ခါတရံ လက်မှတ်ထိုးရမည့် ဖိုင်တွဲတွေကြားထဲ ခေါင်းဝင်နေမိ၍ အနည်းငယ် နောက်ကျတတ်တာကလွဲလျှင် ပါးချိုင့်ခွက်ခွက်လေးများ ထင်းနေသည့်အပြုံးနုနုနှင့်အတူ တွဲဖက်သုံးဆောင်ရသော စေ့နေ့လယ်စာဟာ အထီးကျန်ခြင်း မရှိတော့ပါ။ မီးရောင်စုံအောက် ခုန်ပေါက်ကခုန်လို့ရသည့် clubထဲကဒီဂျေတီးလုံးသံထက် ပိတောက်ရွက်တွေကြားက ထွက်လာသည့် လရောင်အေးအေးလေးအောက်မှာ နားထောင်ရသော ဂီတာသံက စေ့စိတ်ကို ပိုပြီးညှို့ငင်နိုင်ခဲ့ပြီ။
အထူးသဖြင့် အိပ်ရာနိုး၍ မျက်လုံးနှစ်လုံးဖွင့်လိုက်ချိန် ချစ်ရသူ၏မျက်နှာကို ပထမဦးစွာ မြင်ခွင့်ရသည့် မနက်ခင်းက စေ့ဝအတွက် အလှပဆုံးမြင်ကွင်းတစ်ခုပင် ။
" ဟိတ်လူ ...ထတော့ "
အမြဲတမ်း ချမ်းနောက်မှ အိပ်ရာထလေ့ရှိသူက ဒီနေ့မနက်တော့ စောစောစီးစီး ဝီရိယတွေကောင်းနေသည်။ ချမ်း မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်တော့ စေ့လက်ညှိုးက သူ့ပါးချိုင့်နေရာကို ကလိနေ၏ ။
" ဒီနေ့ ရုံးပိတ်တယ်လေ .... ဘာလို့ အစောကြီး နိုးနေတာလဲ "
" ပိတ်ရက်ဆို ကျနော်နဲ့ ဒိတ်လုပ်မယ်လို့ ပြောထားတယ်လေ ... မေ့သွားပြီလား "
أنت تقرأ
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }