( Unicode )
ကိုချမ်းငြိမ်းရာရဲ့ မျက်စိထဲမှာ စေက ဘယ်အရွယ်ပဲ ရှိနေသးတာလဲ မသိ ။ ပုခက်ထဲမှာ အနှီးဖြူဖြူလေးနှင့် ထုပ်ခံထားရသည့် အရွယ်လေးလား ၊ သကြားလုံးကျွေးလျှင် အငိုတိတ်ပြီး ကိုကို ကိုကိုနဲ့ နောက်ကနေ တကောက်ကောက်လိုက်ဂျီကျတတ်သည့် အရွယ်လား ။ သေချာတာတော့ ကိုချမ်းငြိမ်းရာအနေနှင့် စေ့ကို လက်ထပ်ထားသည့် ခင်ပွန်းတစ်ယောက်အဖြစ် အခုထိ မမြင်သေးပါ ။
တကယ်တမ်းကျ လူနှစ်ယောက်ကြားက အကွာအဝေးဆိုသည်မှာ ခရီးမိုင်တိုင်တွေနှင့် တွက်ချက်ရခြင်းမဟုတ် ။ စိတ်ချင်းဆက်သွယ်မှု ဘယ်လောက်ရှိလဲဆိုတာနှင့် တိုင်းတာရခြင်း ဖြစ်ပါသည် ။
တစ်မိုးအောက်တည်းမှာ အတူနေကြပေမဲ့ စေနှင့် စေ့အမျိုးသားကတော့ အဝေးကြီးဝေးနေဆဲ ။ လက်ထပ်ပြီး နှစ်လနီးပါးကြာလာသည်အထိ စေတို့ဆက်ဆံရေးက စေ နယူးယော့ခ်နေစဉ်ကနှင့် ထူးမခြားနား ။
အများအားဖြင့် စေ မနက်စာစားဖို့ ဆင်းလာချိန်မှာ ကိုချမ်းငြိမ်းရာက ကုမ္မဏီသွားနှင့်ပြီ။ နေ့လယ်စာကိုလည်း စေတစ်ယောက်တည်း အထီးကျန်ရင်း စားလိုက်ရသည်။ စေ့အချိန်တွေက အမြဲလိုလို အခန်းအောင်းပြီး ဂိမ်းဆော့လိုက် ၊ Netflixစီးရီးတွေ ထိုင်ကြည့်လိုက်ဖြင့် ကုန်ဆုံးသွားတာ များ၏။ စေ လိုချင်တာရှိလျှင်တော့ ဖိုးကဲနှင့် အပြင်ထွက်ဝယ်ဖြစ်သည်။
ကိုချမ်းငြိမ်းရာ ကုမ္မဏီကနေ ပုံမှန်အချိန်မှာ ပြန်လာလျှင်တော့ ညနေစာဝိုင်းမှာ စေတို့နှစ်ယောက် ဆုံဖြစ်ပါသည်။ ဘာစကားမှတော့ ဟုတ်တိပတ်တိ မပြောဖြစ်ကြ ။ သူတို့ကြားမှာ ပြောစရာအကြောင်းအရာ တစ်ခုမှ မရှိတာလည်း ဖြစ်နိုင်သည်။ နှစ်ယောက်သား ကိုယ်စားစရာရှိတာ ကိုယ်စားပြီး ကိုယ့်အခန်းထဲကိုယ်ဝင်နေလိုက်ကြသည့်အခါ တစ်ညလုံး ထပ်ပြီးမဆုံကြတော့ပါ။
တစ်ရက်တစ်ရက် ဒီအိမ်ထဲမှာပဲ စေ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ခံထားရသလို ခံစားနေရသည်။ ငယ်ငယ်ကတည်းက နယူးယော့ခ်မှာ နေခဲ့သူမို့ ဒီမှာ စေ့အတွက် သူငယ်ချင်းအပေါင်းအသင်းလည်း မရှိ ။ ရှိခဲ့ဖူးသည့် အရင်းနှီးဆုံးလူကလည်း အခုတော့ အရင်းနှီးဆုံး သူစိမ်းတွေ ဖြစ်နေပြီ ။
ВЫ ЧИТАЕТЕ
အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }