Part 10

1.8K 141 9
                                    

( Uni )

ပျင်းရိလေးလံနေသော စိတ်နှလုံးက ကုမ္မဏီထဲ ဝင်လာသည့် စေ့ ခြေလှမ်းတွေကို နှေးကွေးသွားစေသည် ။ ပုံမှန်ဆို သူ့လက်ကိုအမြဲဆွဲပြီး သွားတတ်သည့်လူတစ်ယောက် အခုဘေးမှာ မပါသည့်အခါ စေ တစ်ယောက်တည်း ယောင်ချာချာဖြစ်နေ၏ ။ တစ်ယောက်နှင့်တစ်ယောက် စနောက်ရယ်မောလိုက် ၊ ဆွေးနွေးငြင်းခုံလိုက်ဖြင့် တစ်နေ့တစ်နေ့ အချိန်တွေ ဘယ်လိုကုန်လို့ကုန်သွားမှန်း မသိအောင် ပျော်ရွှင်ခဲ့ရသည့် ရုံးခန်းက ဒီနေ့တော့ ခြေချလိုက်ကတည်းက  အေးစက်တိတ်ဆိတ်နေ၏။ ဒါတောင် စေ ကိုကို့ကို လေဆိပ်လိုက်ပို့နေသဖြင့် နေ့တစ်ဝက် ကုန်သွား၍ တော်သေးသည်။

" လေးကျော်နဲ့ ရန်ဖြစ်မနေနဲ့နော် စေ "

တင်ဒါတင်ရမည့် ပရော့ဂျက်တစ်ခုနှင့် ပတ်သက်ပြီးတွက်ချက်နေစဉ်မှာပဲ ရုတ်တရက် ဝင်လာသော ဖုန်းမျက်နှာပြင်ပေါ်က messageကြောင့် ခုနကအထိ ညှိုးနွမ်းနေသည့်စိတ်က အနည်းငယ်ပြန်ပြီး လန်းဆန်းလာ၏ ။ ကိုကိုကတော့ စေ့ကို စာလေးတစ်စောင်နှင့်တောင် ပြုံးစေ၊ရယ်စေနိုင်ပါသည် ။

" ပြီးတော့ ကိုယ်မရှိတာနဲ့ ညဘက် အပြင်ထွက်မယ် စိတ်မကူးနဲ့နော် "

" အာမ မခံဘူး .... စိတ်မချရင်လဲ ဘာလို့သွားနေသေးလဲ ... ပြန်လာခဲ့ "

" ဟော...ကိုယ် အခုမှလေယာဉ်ပေါ်မှာပဲ ရှိသေးတာလေ .... ဘယ်လိုလုပ်ပြန်လာလို့ရမှာလဲ "

" မသိဘူး ... ဒီမှာ ကျနော် တစ်ယောက်တည်း ပျင်းစရာကြီး .... စိတ်ညစ်ရင် ဘယ်သူ့မှမပြောဘဲ နယူး‌ယော့ခ် ထွက်သွားလိုက်မှာနော် "

နယူးယော့ခ်အကြောင်းပြောတာ မကြိုက်မှန်းသိ၍ နယူးယော့ခ်နှင့် တမင်လာခြိမ်းခြောက်နေသော ကောင်လေးကြောင့် ချမ်းငြိမ်းရာ လေယာဉ်ပေါ်မှာ ပြုံးမိသည်။ လက်ထပ်ပြီးကတည်းက သူ တစ်ခါမှ ခရီးမထွက်ဖြစ်ခဲ့ ။ အခုလည်း မတတ်သာလို့သာ လာခဲ့ရခြင်းပါ။ အရင်ကလည်း ဒီလိုမျိုး သူ တစ်ယောက်တည်း သွားလာနေကြဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ မတူ။ သူပဲ ရောက်ချင်စိတ်စောနေလို့လား မသိပါ။ အချိန်တွေက ပိုပြီးကြာမြင့်နေသလို ခံစားရသည်။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }حيث تعيش القصص. اكتشف الآن