Part - 1 [Uni&Zaw]

923 23 0
                                    

Unicode

(Who are You)

"မင်းကိုယ်မင်းတောင် မသိလိုက်တဲ့အချိန်မှာ ဘယ်တစ်ပါးသူကိုမှ သူတော်ကောင်းလို့ခေါင်းစဥ်မတပ်မိစေနဲ့....ခါးသီးတဲ့ဒုက္ခတွေ ကြာရှည်စွာဖြစ်ထွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေလို့ပဲ"

အငွေ့ဖြူဖြူတွေကြားမှာ သူဟာရပ်နေခဲ့ပြီး အသံတွေဟာ ဝေးသွားလိုက်နီးလာလိုက်။ဒါပေမယ့် ထိုလူကတော့ ထိုနေရာမှာသာရပ်နေခဲ့၏။

"ဒါပေမယ့် မင်းကြောက်ဖို့လည်းမလိုသလို ခံစားနေဖို့လည်း မလိုအပ်ဘူး....၊မင်းမှာကိုယ်ရှိတယ်....မင်း မမြင်နိုင်တဲ့ ကမ္ဘာတစ်ခြမ်းမှာ ကိုဟာမင်းအတွက်ရှိနေမယ်"

ဝေဝါးနေတဲ့မြူခိုးတွေကြားမှာ သူဟာတစ်ဖန်ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

"ရှင်ဘယ်သူလဲ...."

===========

နိုးလာလာခြင်း စို့ကျပ်နေသည့် ခံစားချက်ကမနက်ခင်းကိုစီးကြို၏။အဆင်မပြေခြင်းတွေကိုဘေးချိတ်က နေ့စဥ်အလုပ်များကို အသက်မဲ့မျက်နှာနှင့်ဆောင်ရွက်ဖို့အတွက် နောက်တစ်နေ့ကိုရောက်လာခဲ့ပြန်ပါ၏။အုံခဲနေသည့်ခေါင်းကို တစ်ချက်ခါကာ ရေချိုးခန်းဝင်ရန်ပြင်ဆင်ရသည်။

ရေချိုးခန်းဝင်ရင်း အတွေးစတို့ဟာတောင်တောင်မြောက်မြောက်။ဒီရက်တွေမှာ ဘာအတွက်ရှင်သန်နေရမှန်းမသိလောက်အောင် သူမ၏စိတ်တို့ဟာ အမှီအခိုကင်းနေပြန်သည်။သို့သော်.........သို့သော် ထိုလူ....၊

ညစဥ်အိမ်မက်ထဲသို့ဝင်ရောက်လာသည့်ထိုသူ....သူဟာဘယ်သူလဲ။

********************

"သုသု မျက်နှာလည်းမကောင်းပါလား နေမကောင်းဘူးလား!"

"မဟုတ်ပါဘူး...ကောင်းပါတယ် လင်းရယ်!"

"နေကောင်းရင်လည်း ပြီးတာပါပဲ...ဒီရက်ပိုင်းတွေမှာ သုသုအိပ်တာတွေအရမ်းနောက်ကျတယ်နော်...ဂရုစိုက်အုန်း...အမြဲ အိပ်နောက်ကျနေတာ မင်းအတွက်မကောင်းဘူး!"

အလုပ်စားပွဲပေါ်ထိုင်ရုံရှိသေး သြဝါဒချွေနေသော လင်းညီသာ ကြောင့် မကြည်သည့်စိတ်က ပိုတောင်နောက်သွားသလို။ဒီရက်ပိုင်းမှာ သူမစိတ်တွေဟာ ဘယ်အရာကိုမှစိတ်အလိုမကျချင်။တစ်ယောက်ထဲ တွေတွေငေးငေးသာကုန်ဆုံးချင်နေ၏။

Two WorldsWhere stories live. Discover now