Part - 20 [Uni&Zaw]

33 0 0
                                    

Unicode

Operating room အပြင်တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ။စိတ်ပူခြင်းတို့ကြောင့် ပတ်ဝန်းကျင်ကိုလည်း ခေါင်းထဲမရှိတော့ပေ။

"သုသု နင်ခနနားလိုက်ပါလားဟာ...၊နင့်ကြည့်ရတာဖြူဖျော့နေပြီ"

"ရတယ် သု့ဘာမှမဖြစ်ဘူး....၊သူ....သူသာ"

အကြာကြီးငိုထားတာတောင် မျက်ရည်မကုန်သေးသလို သု့ အင့်ခနဲတစ်ချက်ရှိုက်ပြန်သည်။လင်းညီသာ သူငယ်ချင်းအဖြစ်ကို မမြင်ရက်သလို သု့ကိုဖက်ထားလိုက်ကာ နှစ်သိမ့်ပေးမိသည်။

"ငါ့ကြောင့်ပါ သုသု့ရာ‌....၊ငါသာ သူ့ကို"

"မဟုတ်တာ နင့်အပြစ်မဟုတ်ပါဘူး...၊ကံကြမ္မာ ကဒီလိုဖြစ်ရမယ်ဆိုပြီး သတ်မှတ်ခဲ့တော့"

လင်းညီသာ ဘယ်လိုပင်ဖျောင့်ဖျပေမယ့် သု့ဟာငိုဆဲပင်။ခနလောက်ကြာမှ သတိဝင်လာသလို လင်းညီသာနှင့် ကိုယ်ချင်းခွာလိုက်ကာ...၊

"နင်ရောဘာဖြစ်သွားလဲ...၊ဘယ်နားထိသွားလဲ"

သု့အမေးကြောင့် လင်းညီသာ ရင်ထဲ လှိုက်ခနဲဖြစ်သွားကာ ကိုယ့်ကိုယ်ကိုယ်  စိတ်မလုံသလိုဖြစ်လာရသည်။

"ငါကဘာမှမဖြစ်ဘူး သုသု့...၊တကယ်ဆို Operating roomထဲကလူက ငါဖြစ်သင့်တာပါ....၊ကိုဒေးက ငါ့ကိုယ်စား....ငါ့အပေါ်ကျမဲ့ မီးစကို ခံလိုက်လို့"

"..........."

"သူငါ့ကိုပြောတယ်‌....၊သူနင့်ကို ကတိပေးထားတယ်တဲ့ ငါ့ကို ရအောင်ပြန်ခေါ်လာမယ်ဆိုပြီး အဲ့တာကြောင့်ငါဘာမှဖြစ်လို့မရဘူးတဲ့"

"ဟင့်!"

လင်းညီသာ စကားဆုံးတော့ ခုနကငိုထားသည့်မျက်ရည်တောင်မခြောက်သေးသည့်ပါးတို့သည် မျက်ရည်တို့ကတာကျိုးလာသလို ပြန်စိုစွတ်လာပြန်သည်။ဘာလို့အဲ့လောက်ထိ‌လုပ်ခဲ့ရတာလဲ ဆိုသည့် ယူကျိုးမရသည့်စိတ်တို့နှင့် နောင်တတရားတို့က သု့၏ နှလုံးသားကို ရိုက်ပုတ်ထုနှက်နေသလို။

"လူနာရှင်...ရှိပါသလား"

"ဟုတ်ကဲ့ရှိပါတယ်"

Operating room မှထွက်သည့် ဆရာမ၏စကားသံကြောင့် သု့မျက်ရည်တို့ကို ပွတ်သုတ်ပစ်လိုက်ကာ ဆရာမဆီအပြေးသွားလိုက်၏။

Two WorldsWhere stories live. Discover now