Unicode
"ဘာတွေ ဖြစ်သွားတာလဲ?"
သူ Parallel World ကိုရောက်နေသည့် ရှစ်လအတွင်း ဒီဘက်ဘာမှာဖြစ်သွားတာတွေက ယုံနိုင်ဖွယ်မရှိ။သူဦးဆောင်နေတဲ့ Companyတစ်ခုမှာတော့ ဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့သည်ပြီး သူကိုယ်ပိုင်စက်ရုံသုံးရုံထဲကတစ်ရုံက မီးလောင်မှု့ဖြစ်ခဲ့သည်။နောက်တစ်ရုံက တရားမဝင်ပစ္စည်းတွေနဲ့ပတ်သတ်လို့အစစ်အဆေးခံနေရသည်တဲ့။ဖြစ်ခဲ့သမျှက အချိန်နှစ်လဆီသာကြာသည်။ဒါဟာ ဘယ်သူလက်ချက်ဆိုတာ မေးနေရန်မလို။
"သီဟ!"
"ဗျာ Boss!"
"ဘာတွေဖြစ်သွားတာလဲ?ငါ့ကိုသေချာပြောစမ်း!!"
သူ့အသံတို့က ဒေါသအနည်းစွက်နေတာကြောင့် သီဟသတိအနေအထားဖြစ်သွားရသည်။ပြီးတော့ ပုံမှန်ထက်ပိုပြီးရိုကျိုးစွာရှိနေတော့သည်။နှစ်ယောက်ထဲပဲရှိနေသည့် ရုံးခန်းရဲ့လေထုက အနည်းငယ်အေးစိမ့်နေ၏။
"Boss ထွက်သွားပြီး တစ်လကျော်လောက်ကြာတော့ စံအိမ်ကို မမလေးကြယ်တာရာရောက်လာပါတယ်....၊သူBossနဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်လို့ပြောပါတယ်.....၊ဒါပေမယ့် ကျွန်တော်တို့က Boss အလုပ်ကိစ္စနဲ့ခရီးထွက်သွားတဲ့အကြောင်းပြောလိုက်တော့ သူအေးအေးဆေးဆေးပဲပြန်သွားပါတယ်.... ပြီးတော့ နောက်တစ်လလောက်အကြာမှာ သူထပ်ရောက်လာပါတယ်.....၊ဒီတစ်ခါတော့ သူအေးအေးဆေးဆေးပြန်တာမျိုးမဟုတ်ဘဲ စံအိမ်တစ်ခုလုံးမှာသောင်းကျန်းတော့တာပါပဲ....၊ပြီးတော့ Boss အခန်းတွေ၊အလုပ်ခန်းတွေအထိတက်ရှာတယ်!"
"မင်းတို့က ဘာလုပ်နေလဲ...၊ပြုံးပြုံးကြီးနဲ့ရှုစားနေကြတာလား ဟမ်!!"
ဒေါသကြောင့် ဒေးမျက်နှာဟာ နီတစ်လှည့်ဖြူတစ်ခါပြောင်းနေတော့သည်။သူရဲ့မာထန်ထန်အော်သံကြောင့် သီဟစကားသံလေးတိခနဲပြတ်ကျသွားလေသည်။ပြီးမှ တုန်ချင်နေသည့် အသံကိုထိန်းကာ စကားကိုဆက်လိုက်သည်။
"ကျွန်တော်တို့တားပါသေးတယ် Boss....၊ဒါပေမယ့် သူကသူ့လူတွေနဲ့ခြိမ်းခြောက်နေတာကြောင့်ပါ....၊ပြီးတော့...ပြီးတော့...."
"ပြီးတော့ ဘာဖြစ်လဲဆက်ပြော"
"အဖိုးလေးလာသွားပါတယ်"
YOU ARE READING
Two Worlds