Unicode
အပိုင်း (၁၉)
Two Worlds(ကမ္ဘာနှစ်ထပ် ချစ်သည်းတစ်စုံ)"သုငယ်!"
".........."
"သုတန်ဖိုး!သတိထားစမ်း!"
"ဟင်!"
ကျောနောက်ကနာကျင်မှု့ကို ခံစားရခြင်းနှင့်အတူ မီးတောက်သံ တဖျစ်ဖျစ်ကိုပါ သု့ကြားနေရသည်။သူမ အသက်ရှင်နေသေးသည်လား။သတိကောင်းကောင်းရလာတော့ သု့ဟာ ဦးဒေးခွင်ထဲမှာဖြစ်နေသည်။
"သတိရလာ ပြီလား သုတန်ဖိုး"
"ဦးဒေး"
"အင်းဟုတ်တယ် ကိုယ်ပဲ"
"ဘယ်လိုရောက်လာတာလဲ"
"အဲ့တာနောက်မှပြောမယ်....၊အခုကိုယ်တို့ဒီကနေထွက်ဖို့လိုတယ်"
"ဟင်...၊လင်းညီ...လင်းညီရော"
"ဘာ လင်းညီ လဲ...၊ကိုယ် မင်းတစ်ယောက်ထဲကိုယ်ပဲတွေ့တာ....၊ကိုယ်ဝင်လာတော့ မင်းသတိလစ်နေပြီ"
"ဟင့်အင်း....၊လင်းညီလည်း သု့နဲ့အတူပါတယ်....၊သူ....သူအထဲမှာရှိသေးတယ်!"
အရှိန်ကောင်းကောင်းနဲ့တောက်လောင်နေတဲ့ မီးတောက်ကြီးကိုကြည့်ကာ သု့တန်ဖိုး ဒေးရင်ခွင်ထဲက အတင်းရုန်းထွက်သည်။
"သုငယ်...ကိုယ်ပြောတာနားထောင်....၊ဒီလောက်မီးတွေများနေတာ သူအထဲမှာရှိမှာမဟုတ်ဘူး...၊ရှိရင်တောင် သူသေလောက်ပြီ"
"ဟင့်အင်း....၊လင်းညီအထဲမှာရှိတယ်...၊သူအသက်ရှင်နေတုန်းနေမှာ...၊သူ့ကိုကယ်ပေးပါ ဦးဒေး"
"မရဘူး သု...၊ကိုယ်သူ့ကိုကယ်ဖို့လာတာမဟုတ်ဘူး....၊သူ့ရဲ့သေခြင်းရှင်ခြင်းတွေကိုလည်း ကိုယ်စိတ်မဝင်စားဘူး....၊ကိုယ်စိတ်ဝင်စားတာ မင်းပဲ!"
ဒီတစ်ကြိမ်တော့ သုတန်ဖိုးရုန်းကန်နေတာတွေချက်ချင်းရပ်တန့်သွားကာ အသံတွေပါတိတ်သွားလေသည်။ထို့နောက် ဒေးကို စိတ်ပျက်သလိုကြည့်လာတဲ့အကြည့်တွေ။ဒေးကတော့ မမှု့သလို သုတန်ဖိုး လက်ကိုဆုပ်ကိုင်ထားမြဲ။
"ရှင်လူမှဟုတ်ရဲ့လားဟင်....၊လူတစ်ယောက်ရဲ့အသက်ကို သေစေရှင်စေ ဘယ်လိုများအလွယ်တကူပြောရက်ရတာလဲ....၊ရှင့်မှာ လူစိတ်ရောရှိသေးရဲ့လားဟင်"
YOU ARE READING
Two Worlds