Unicode
ခွဲစိတ်မှု့က အောင်မြင်စွာနဲ့ပြီးသွားပေမယ့် သတိပြန်ရဖို့က ကြာအုန်းမယ်ဟု ဆရာဝန်တွေကပြောသွားကြသည်။ဘာပဲပြောပြော အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီးပြီမလား။အသက်ရှုသံမှန်မှန်လေးနဲ့ သု့ဘေးမှာရှိနေသေးသည်။ဦးဒေးလက်လေးကိုဆုတ်ကိုင်လိုက်တိုင်း ပြန်လည်မဖိဆုတ်ထားပေမယ့် နွေးထွေးတဲ့လက်လေးကနေ သွေးခုန်သံလေးကိုတော့ ခံစားနိုင်နေသေးသည်လေ။
ဒီနေ့နဲ့ဆို မောင်အိပ်ပျော်နေတာ တစ်လနဲ့ဆယ်ရက်ရှိနေပြီဖြစ်သည်။အရင်က ခပ်ရေးရေးသာရှိသော မှုတ်ဆိတ်ကျင်ဆွယ်တို့က အခုတော့ အနည်းငယ် မသပ်မရပ်ဖြစ်နေပြီလေ။ဒါပေမယ့် မောင်ကတော့ကြည့်ကောင်းနေဆဲ။စားပွဲပေါ်ကပန်းအိုးမှာ ထိုးထားသည့်နေကြာပန်းလေးတွေက အရွက်လေးတွေတောင်ခြောက်ချင်နေပြီမို့ သု့ နေကြာအသစ်တွေထပ်ခူးလာခဲ့သည်။သု့က ပန်းထဲမှာနေကြာပန်းကို သဘောအကျဆုံးပင်။
သု့သဘောအကျဆုံးနေကြာပန်းကို သု့စိတ်ကိုနားအလည်နိုင်ဆုံးနောက်တစ်ယောက်ဖြစ်သည့် မောင်လည်းကြိုက်သည်တဲ့လေ။သု့ပန်းအိုးလေးကို ရေလဲပန်းအသစ်လဲကာ အခန်းထဲသို့ပြန်ယူလာသည်။ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ မောင်ကလှဲမြဲတိုင်း လှဲနေဆဲ။Oxygen ပိုက်နှင့်အစာပိုက်တို့အပြင် ဆေးပိုက်တွေနဲ့ရှုပ်ယှက်ခတ်နေသည့် မောင့် ကိုမြင်လိုက်ရတိုင်း စိတ်မသက်မသာဖြစ်ပြီး ဝမ်းနည်းမိတာတော့ အမှန်ပင်။
ဒီနေ့တော့ ဂီတာလေးပါယူလာဖြစ်သည်။စကားတွေချည်းပြောနေရင် မောင်ပျင်းနေမှာဆိုးတာကြောင့် သု သီချင်းဆိုပြချင်လို့ဖြစ်သည်။သု့ ပန်းအိုးလေးကို နေရာတကျလေးထားကာ မောင်လှဲနေရာကုတင်ရှိရာသို့ဖြေးဖြေးချင်းလျှောက်သွားမိသည်။ပြီးတော့ ကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်ရင်း ဆေးပိုက်တန်းလန်းနှင့် မောင့်ရဲ့လက်တစ်ဖက်ကို ယူကာသူ့ပါးပေါ်တွင် ထိထားမိသည်။
"မောင်...၊အိပ်နေတာ အရမ်းကြာနေပြီနော်...၊သု့ မောင့်ကိုသိပ်လွမ်းနေတာသိရဲ့လား"
နှာခေါင်းထဲကစပ်ဖျင်းဖျင်းဖြစ်လာသလို မျက်ခမ်းစပ်တွေပါစပ်လာတာကြောင့် မျက်ရည်တွေကျလာတော့မှာကို ခံစားမိသည်။မသည်းသော်လည်း မစဲသောမိုးလို မောင်နဲ့ပတ်သတ်ရင် သု့မျက်ရည်တွေက ကုန်သွားတယ်လို့မရှိပေ။ထို့အပြင် နောင်တတို့တစ်ပွေ့တစ်ပိုက်နှင့်မို့ ပိုကာနာကျင်စွာ။
YOU ARE READING
Two Worlds