Unicode
"မသေတာသေချာလား?"
"မသေပါဘူး မမလေး!သုံးချက်လောက်ပဲတိုက်ခဲ့တာ!"
"ဘာ!"
"ဖြန်း!"
သုံးချက်တိုက်ခဲ့သည်ဆိုသောစကားကြောင့်
ကြယ်တာရာ့ တစ်ကိုယ်လုံးတောင့်တင်းသွားရ၏။ထို့နောက် မျက်စိရှေ့က လူကို တစ်ဖက်လည်ထွက်သွားသည်အထိ ပါးတစ်ချက်ရိုက်ချပစ်ပစ်လိုက်သည်။"မမလေး!"
"နင်တို့ကို နည်းနည်းပါးပါးပဲလုပ်ခိုင်းတာ! ကားနဲ့သုံးချက်တိုက်ခဲ့တယ် ဟုတ်လား!တောက်!"
".............."
"ဒေးရဲ့အသက်အန္တရာယ်နဲ့နီးစပ်မဲ့ တစ်ခုခုဖြစ်သွားရင် နင်တို့အသက်နဲ့တောင်ပြန်လျှော်လို့မရဘူးဆိုတာ နားလည်လား"
"မမလေး...ကျွန်တော်လက်စကိုကျွန်တော်သိပါတယ် မမလေး၊အဲ့ကောင် မသေပါဘူး!"
"ဖြန်း!"
ကြယ်တာရာ ထိုလူကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ခြင်းမှာ ထိုလူတော်တော်နှင့်မျက်နှာပြန်လှည့်မလာတော့ပေ။
"နင်က ဘာအဆင့်ရှိလို့ သူ့ကို အဲ့ကောင်လို့ခေါ်တာလဲ ဟမ်!"
"ကျွန်တော်!ကျွန်တော်!"
"ကြာရင်သူ့ကို အသေလုပ်မိတော့မယ်!အပြင်ကဘယ်သူရှိလဲ သူ့ကို ခေါ်သွားစမ်း!တောက်!"
မကြာခင် လူနှစ်ယောက်ရောက်လာပြီး ကြမ်းပြင်ပေါ်မှာလဲနေသည့် လူကိုခေါ်သွားလေသည်။ကြယ်တာရာ ဒေါသပုန်ထနေသည်မို့ ဘယ်သူ့မှအသံမထွက်ရဲကြ။
"နင်ပြောစမ်း!ဘယ်လောက်ထိသွားလဲ!"
"ကားကတော့ တော်တော်ကိုစုတ်ပြတ်သွားပါတယ် မမလေး!"
"နင့်ကို ကားအကြောင်းမေးနေတာမဟုတ်ဘူး!"
ကြယ်တာရာ ငေါက်လည်းငေါက်လက်လည်းရွယ်လိုက်တာမို့ ရှေ့ကလူမှာ ကြောက်ကြောက်နှင့် ဒူးတောင်ခွေချင်ပြီဖြစ်သည်။
"မ..မဟုတ်ပါဘူး မမလေး!ထိတာတော့ တော်တော်များတဲ့ပုံပါပဲ!မျက်နှာတစ်ခုလုံးနီးပါး မှန်ကွဲစ စိုက်တဲ့နေရာစိုက် ရှတဲ့နေရာရှနဲ့!ရင်ဘတ်နဲ့လက်တွေလည်း သွေးတော်တော်ထွက်နေတာ တွေ့ပါတယ် မမလေး!"
YOU ARE READING
Two Worlds