Part - 2 [Uni&Zaw]

629 13 1
                                    

Unicode

"ရှင်ဘယ်သူလဲ!"

"ကိုယ်က မင်းဆင့်ခေါ်ခြင်းကိုလက်ခံရရှိတဲ့ နောက်ကမ္ဘာတစ်ခြမ်းက လူပဲ...."

"............."

မဖြစ်နိုင်တာ....၊

"ဘာလို့မဖြစ်နိုင်ရမှာလဲ!ကိုယ်ကမင်းအတွက်ရောက်လာတာ....မင်းရဲ့လိုလိုလားလားတောင်းတပြီးဆင့်ခေါ်တဲ့ဆင့်ခေါ်မှု့ကြောင့် ဒီကမ္ဘာကိုရောက်လာနိုင်တာ"

မဖြစ်နိုင်ဘူး....၊
ဒီလိုနောက်ပြောင်မှု့မျိုးက ရီစရာမကောင်းတာ ထိုလူမသိတာလား!

"နောက်ပြောင်နေတာ မဟုတ်တာ မင်းလဲသိမှာပါ  သုတန်ဖိုး!"

သုစိတ်ထဲက စကားများကို ထိုသူဟာသိနေ၏။ဒါဟာဘယ်လို မှော်ပညာတွေလဲ။

"ကိစ္စတော်တော်များများကရှုပ်ထွေးတာနေတာကြောင့် မင်းအတွက်နားလည်လက်ခံပေးဖို့ခက်မယ်ဆိုတာ ကိုယ်သိပါတယ်....ဒါပေမယ့် ကိုယ်မင်းကို အမြဲသိနေသလို၊အခုလည်းမင်းအတွက်ပဲ ဒီကိုရောက်လာတယ်ဆိုတာ တဖြည်းဖြည်း မင်းနားလည်လာလိမ့်မယ်"

ထိုလူဟာ ပြောရင်းဆိုရင် shirt ကို ကြယ်သီးတစ်လုံးချင်းဖြုတ်ကာ ချွတ်ပစ်၏။ရင်ဘတ်တစ်ပြင်လုံးအပြင် လက်မောင်းနှစ်ဖက်အထိပါ တက်တူးများဟာအပြည့်။အနုစိတ်သည့် တက်တူးလက်ရာများဟာ အကောင်တစ်ကောင်ကောင်မဟုတ်သလို လူရုပ်တစ်ရုပ်လဲဟုတ်မနေပေ။တောင့်တင်းသည့် ခန္ဓာကိုယ်နှင့် ကြွက်သားစိုင်တစ်ချို့ဟာသူ့နေရာနှင့်သူ အချိုးကျနေပြန်သည်။

"မင်းမှတ်မိသေးလား သုတန်ဖိုး!မိုးတွေသည်းကြီးမဲကြီးရွာခဲ့တဲ့ညတစ်ညမှာ မင်းလည်ချောင်းကွဲမတတ် အမေ့ကို အကူအညီတောင်းခဲ့ပေမယ့် အမေဟာ ရောက်မလာခဲ့ဘူး!အဲ့အစား ဆူးအပြည့်နဲ့ကြိမ်ဒဏ်ကပဲ နုနယ်သေးတဲ့ ရှစ်နှစ်သမီး‌ကလေးရဲ့အသားတွေအပေါ်ကိုထိကပ်လိုက်တဲ့အချိန် မင်းကိုသတ်ပေးဖို့ပဲတောင်းဆိုခဲ့တယ်!သေသွားဖို့ပဲဆုတောင်းနေခဲ့ပေမယ့် မင်းဟာငရဲခန်းကမလွတ်မြောက်ခဲ့ဘူး!"

သု မျက်လုံးတွေပြာဝေလာရ၏။ဘဝတွင် နောက်တစ်ကြိမ်မမှတ်မိချင်သည့် ထိုအဖြစ်အပျက်ဟာ အခုဖြစ်နေသလို မျက်လုံးထဲတွင်တစ်ခုချင်း အစီအရီပြန်လည်ပေါ်လာခဲ့သည်။

Two WorldsWhere stories live. Discover now