Part - 14 [Uni&Zaw]

129 4 2
                                    

Unicode

"ကလေး လာလေ"

"ဖိုးဖိုးငယ်!"

ကြယ်တာရာ ဖိုးဖိုးငယ် အသံကြောင့် အတွေးတို့ကို လက်စသတ်လိုက်၏။ဖိုးဖိုးငယ်ကတော့ သူ့ကိုခေါ်ပြီးသည်နှင့် အိမ်ထဲကိုပြန်ဝင်သွားလေသည်။ကြယ်တာရာ ဘာစကားမှ ထပ်မဆိုတော့ဘဲ ဖိုးဖိုးငယ်နှင့်အတူအိမ်ထဲသို့လိုက်ဝင်သွားလိုက်သည်။အိမ်ထဲရောက်သည်နှင့် ပထမဆုံခံစားမိလိုက်သည်က နွေးထွးမှု့ပင်။ ပြီးတော့ လက်ဖက်ခြောက်အနံ့များ။

"ကလေး ထိုင်!"

ဖိုးဖိုးငယ်က သူအရင်ထိုင်ပြီးမှ သူ့ရှေ့က ဖျာလေးပေါ်မှာထိုင်ဖို့မေးဆတ်ပြကာပြောသည်။အရှေ့မှာတော့ စားပွဲပုလေးတစ်လုံးရှိကာ ထိုအပေါ်မှာ လက်ဖက်ရည်ပန်းကန်လုံးများနှင့် မြေရေနွေးအိုးလေးတစ်အိုး....။ထို့အပြင် အမျိုးမျိုးသော လက်ဖက်ခြောက်တွေ။ဖိုးဖိုးငယ်က လက်ဖက်ခြောက်စုရတာ ဝါသနာပါသည်။ဖိုးဖိုးငယ်မှာ လက်ဖက်ခြောက်တွေ အများကြီးရှိသည်။ဖိုးဖိုးငယ်ဆီရောက်ရင် လက်ဖက်ရည် ကောင်းကောင်းသောက်ရသည်ဟူသောစကားများက ဖေဖေ‌ ဖိုးဖိုးငယ်ဆီက ပြန်လာတိုင်းကြားရသည်များသာ။

"လက်ဖက်ရည်သောက် ကလေး"

ဖိုးဖိုးငယ် အသံနှင့်အတူ ချိုချိုမွှေးမွှေးလက်ဖက်ရည်ခွက်လေးက ကြယ်တာရာမျက်စိရှေ့ကိုရောက်လာသည်။ကြယ်တာရာ ခပ်မြန်မြန်ပဲ တစ်ငုံသောက်ပစ်လိုက်သည်။အရသာကတော့ အထူးကောင်းမွန်ပါသော....။

"ဒါက ဂန္ဓာမာလက်ဖက်ရည် စိတ်ကိုလန်းဆန်းစေသလို ခန္ဓာကိုယ်အတွက်လည်းကောင်းတယ် များများသောက်သင့်တယ်"

"ကျေးဇူးတင်ပါတယ် ဖိုးဖိုးငယ်"

"သမီးက အခုမှဒီကိုရောက်ဖူးတာမလား "

ဖိုးဖိုးငယ်ကအမေးပြုသည်။

"ဟုတ်ပါတယိ ဖိုးဖိုးငယ်....ဒါပေမယ် ဖေဖေကဖိုးဖိုးငယ်အကြောင်းအမြဲပြောပြပါတယ်"

"အိမ်း....နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာခဲ့ပြီပေါ့...သမီးအဖေနဲ့သမီးဦးလေးဆို ငါ့တပည့်တွေဆိုပေမယ့် ငါ့သားတွေလိုပါပဲ...ကလေးတို့လည်းအတူတူပဲ....မိဘရဲ့အမွေကို သားသမီးကဆက်ခံထိန်းသိမ်းရတာကတော့ သဘာဝပါပဲ....သမီးက အခုမှ ပထမဆုံးရောက်ဖူးပေမယ့် ဒေးကတော့ ဒီကိုခဏခဏလာတယ်....သူကတော့လာရင် နေကြာလက်ဖက်ရည်ပဲသောက်တယ်"

Two WorldsWhere stories live. Discover now