Unicode
"ဒေါက်...ဒေါက်..."
တံခါးခေါက်သံက အိမ်ရှေ့ကမဟုတ်ဘဲ သူ့အိပ်ခန်းရှေ့ကထွက်ပေါ်လာခြင်း။ညက လင်းညီသာနှင့်အတူ သောင်းကျန်းကြရင်း မူးပြီး မှောက်ကြတာ ဘယ်သူက အိမ်ပြန်ပို့ပေးသည်မသိ။ မနက်ကျတော့ ဘာမှလည်းမမှတ်မိသလို ခေါင်းတွေကလည်းကိုက်နေသေးသည်။အစက သူခိုးမှတ်လို့လန့်သွားပေမယ့် ပြီးမှ လင်းညီလို့ထင်မိပြန်သည်။သို့သော် လင်းညီလည်း ညကသောက်ထားတာ လာနိုင်ပါ့မလား....ဒါဆို ဦးဒေး....။
"ဦးဒေး!"
ဦးဒေး ဆိုတဲ့အသိနှင့် လူက ထထိုင်ပြီးသားဖြစ်ကာ ခေါင်းနှောက်တာတွေတောင်ဘယ်ပျောက်သွားသည်မသိ။စိတ်လိုလက်ရဖြစ်မှု့ကြောင့် လူက တံခါးဆီရောက်လို့ရောက်မှန်းမသိဖြစ်သွားကာ တံခါးကိုဖွင့်ပေးလိုက်တော့...၊
"ဘယ်သူ..."
လေးတွဲတွဲအသံလေးက မူးသည့်အရှိန်မပြေသေးတာကြောင့်မဟုတ်ဘဲ မရေမရာမေးလိုက်ခြင်း။တစ်ခါမှမမြင်ဖူးသည့်အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။ရွှေညိုရောင် လှိုင်းတွန့်ဆံနွယ်ကောက်ကောက်တို့က သူမနဲ့လိုက်ဖက်စွာတည်ရှိနေ၏။မြင့်သောအရပ်နှင့် မျက်ခုံထူထူအောက်က မျက်လုံးဝိုင်းဝိုင်းတွေ၊ပါးလျပြီးစိုရဲရဲနူတ်ခမ်းတို့က ပြီးပြည့်စုံသည့်အလှနတ်ဘုရားမကဲ့သို့။
"ပထမဆုံးတွေ့ဆုံခြင်းပါ...၊တို့က လင်းညီသာရဲ့အန်တီလေး ကြယ်တာရာလေ...၊အသက်က သိပ်မကွာတော့ နည်းနည်း အင်း...."
ကြယ်တာရာ သူ့ရှေ့က မျက်လုံးလေးပုတ်ခတ်ခတ်လုပ်နေသည့် အနူးမနပ်လေးကိုကြည့်ရင်းစိတ်ထဲမှာ မြေခွေးမလေးလိုပြုံးမိသည်။အခုအချိန်ကစပြီး မင်းတို့က တို့လက်ထဲက သားကောင်တွေဖြစ်သွားပြီ။မင်းတို့ကို ဘယ်လို အမဲလိုက်ပြမလဲစောင့်ကြည့်စမ်း။
မျက်နှာချင်းဆိုင်နေသော နှစ်ယောက်ရဲ့မျက်ဝန်းတို့တွင်တစ်ယောက်က ယောင်နနယုံကြည်ခြင်းများနဲ့ နောက်တစ်ယောက်ကတော့ မာယာများသော ဖော်ရွှေမှု့များနှင့်....။
**************************
"ညက လင်းညီလေးကိုယ်တိုင် တို့ကိုခေါ်ခဲ့တာလေ...မမှတ်မိဘူးလား"
YOU ARE READING
Two Worlds