Part - 12 [Uni&Zaw]

87 3 2
                                    

Unicode

"သုသု!နင့် ပုံစံကိုလည်းကြည့်အုန်း....၊အလုပ်ကို အခုလောက်ထိအချိန်အကြာကြီးနားပြီး အိမ်မှာ ဒီပုံစံဖြစ်ပျက်နေတာလား...ဟမ်!"

လင်းညီသာက သုပုံစံကိုကြည့်ကာ ဂရုဏာဒေါသနှင့် ငေါက်ငမ်းတော့သည်။စီးကရက်ဖင်စီခံတွေချည်း မွမွကြဲနေသည့် အခန်းက အတော်ကိုအမြင်မသင့်စရာကောင်းနေခဲ့လျက်။

သုသည် အသက်နှစ်ဆယ်ကျော်နေသည့်ကောင်မလေးတစ်ယောက်မဟုတ်ပါဘဲ ဆယ်နှစ်သမီး သာဆိုဒီနေရာမှာတင် လင်းညီသာ ဆူရုံတင်မက ရိုက်တောင်ရိုက်ပြီးနေပြီဖြစ်လောက်သည်။ဒီကောင်မလေးအခုလောက်ထိ ဖြစ်ပျက်နေတာမျိုး သူတစ်ခါမှမမြင်ဖူးပေ။တကယ်ကိုဆိုးဝါးလွန်းနေသည်။

"ဒါတွေကရော ဘာတွေလဲ....ဟတစ်ခန်းလုံးကို ရှုပ်ပွနေတာ"

လင်းညီသာက ဆူလဲဆူ သူလက်လှမ်းမှီသလောက် တစ်တောက်တောက်နှင့်လျှောက်သိမ်းနေလေသည်။သို့သော် သုဆိုတဲ့ ထိုငတိမလေးကတော့ အခုထိဆိုဖာပေါ်မှာ လူကိုမမြင်သလို ငူငူငိုင်ငိုင်ကြီးထိုင်နေဆဲ။သုသုသာ သူ့နှင်သိမနေပါကို ဒီကောင်မလေးကို စကားမပြောတတ်တဲ့ အ,အကောင်လို့တောင် ထင်မိမှာပင်။

"အခုဘာစားပြီးပြီလဲ"

ဒီတစ်ခါတော့ ငတိမလေးကခပ်တွေတွေလေးခေါင်းခါပြလေသည်။သူ့မှာလဲ သူငယ်ချင်းကိုလာတွေ့တာလား စိတ်တ္တဇဆေးရုံက လူနာကိုလာစောင့်နေရတာလားမသဲကွဲပေ။

"ဘာစားချင်လဲ...၊ငါဘာလုပ်ပေးရမလဲ"

ထိုအခါကျတော့ ဘာမှမပြောခေါင်းပဲခါပြပြန်သည်။ဟိုဟာစားမလားဆိုတော့လဲ ခေါင်းခါ၊ဒီဟာစားမလားဆိုတော့လဲ ခေါင်းမညိမ့်ဖြစ်နေသည့် သုသုကြောင့် ကြာလာတော့ လင်းညီသာစိတ်တိုကာ ထိပ်ထုချင်လာမိသည်။ဒါပေမယ့် တစ်ဦးတည်းသောသူငယ်ချင်းမလေးမို့ထွက်လာသည့်ဒေါသတို့ကို မျိုချကာ အဆင်ပြေတာတစ်ခုခုချက်ဖို့ မီးဖိုဘက်သွားလိုက်သည်။

အံမယ် ထူးထူးဆန်းဆန်း တစ်ခန်းလုံးနီးနီး ရှုပ်ပွနေပေမယ့် မီး‌ဖိုချောင်ကျတော့ သန့်ရှင်းနေလေသည်။တော်သေးတာပေါ့ဟုတွေးကာ သူတစ်ခုခုချက်ဖို့ပြင်လိုက်သည်။သူ ကြက်သွန်လှီးနေတုန်း မီးဖိုခန်းဝလေးမှာ သုပေါ်လာကာ တံခါးဘောင်လေးမှာမှီရင်း သူ့စိတ်ကိုသိနေသလို စကားစပြောလေသည်။

Two WorldsWhere stories live. Discover now