Unicode
နှစ်လခွဲဆိုတဲ့အချိန်ဟာ သူ့ဒဏ်ရာတွေသက်သာဖို့လုံလောက်ခဲ့ပါသည်။အရင်ကနှင့်မတူသည့် အခြေအနေတွေပေါ်မှာ လိုက်လျောညီထွေဖြစ်နိုင်ဖို့ သူအတော်ကြိုးစားနေရသည်။ဒဏ်ရာတွေဟာပျောက်သလောက်ဖြစ်သွားပေမယ့် အမာရွတ်တွကြောင့် သူ့မျက်နှာဟာ နဂိုပုံစံကိုဘယ်လိုမှမရနိုင်တော့ပေ။
မျက်နှာညာဘက်ခြမ်းတစ်ခုလုံးဟာ ရစရာမရှိအောင်စုတ်ပြတ်သွားခဲ့တာမို့ လူရုပ်တောင်သိပ်မပေါက်ချင်တော့ပေ။ဘယ်ဘက်တစ်ခြမ်းကလည်း ညာဘက်လောက်မဆိုးပေမယ့် ပါးတစ်ခြမ်းကတော့ ဟက်တက်ရာကြီးနှင့် ပွန်းပဲ့ရာတွေရှိနေဆဲ။ထို့ကြောင့်အပြင်သွားတိုင်း မျက်နှာကိုဖုံးရသည်က အလုပ်တစ်ခုဖြစ်ခဲ့၏။
ရင်ဘတ်နှင့်လက်မောင်းတွေမှာလဲအမာရွတ်များစွာရှိပေမယ့် အဝတ်အောက်မှာမို့မသိသာပေ။ဘယ်လိုပင် မျက်နှာမမြင်ရအောင် ကွယ်ထားတယ်ပြောပြော တစ်ချို့အစိတ်အပိုင်းတွေက ထင်ရှားနေဆဲ။
"အ့!"
"ဟာ!ကလေးလေး!ရရဲ့လား ထထ!
ဒေးခေါင်းငိုက်စိုက်လျှောက်လာသောသူ့ကိုဝင်တိုက်မိကာ ကလေးလေးမှာလဲကျသွားလေသည်။ထို့ကြောင့်သူလဲ အမေးနဲ့အတူ ကလေးကို ထူပေးရန်ငုံ့လိုက်၏။သို့သော်...၊
"အား...!သရဲကြီး!မေမေ!အီး...ဟီး...ဟီး..."
"ဟင်!"
ကလေးကသူ့ကိုကြည့်ကာတက်မတက်ချက်မတက်ငိုနေတာကြောင့် လူတစ်ချို့က သူ့ကိုဝိုင်းကြည့်ကုန်ကြသည်။ထိုကြောင့် သူ Maskကိုအပေါ်ပိုဆွဲတင်လိုက်ပြီး ဦးထုတ်ကိုပိုငိုက်ဆောင်းလိုက်ရင်း အနောက်ကို ပိုပိုဆုတ်သွားမိ၏။သိပ်မကြာလိုက်ပါ ကလေးရဲ့မိဘတွေဖြစ်ဟန်တူသည့် အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်ယောက်လာကြသည်။
"သားလေး!ဘာဖြစ်လဲ?"
"မေမေ!အီး...ဟီး...ဟီး...!"
ကလေးကဘာစကားမှမပြောဘဲ ဒေးကိုလက်ညိုးထိုးပြီး အော်သာငိုနေတော့သည်။ထို့ကြောင့် ကလေးအမေဖြစ်ဟန်တူသည့်အမျိုးသမီးက ဒေးဆီကိုလျှောက်လာပြီး သူ့ကို့လက်ညိုးထိုးကာ...၊
YOU ARE READING
Two Worlds