🦋🦋🦋
"အား........ တောက် ခွမ်း ခွမ်း..."
"နောင့် ရယ် ပုံက edit ထားတာလည်းဖြစ်နိုင်တာဘဲ"
"ဟယ် ဒီလောက် အသက်ဝင်နေတာ ဘယ်လိုလုပ်editထားတာဖြစ်မှာလဲ ဟ"
"နင်တို့ ၂ ယောက်လုံးပါးစပ်ပိတ်ထားစမ်း
မပိတ်နိုင်လည်း သွားချင်တဲ့နေရာသွား"နောင့် ကိုကို ကို့ယုံသည် ကိုကိုကနောင်ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး
ထားလို့မရတာဆိုလည်းမှန်တယ်
မဖြစ်တော့ပါ ဒယ်ဒီကိုပြောပြီး
နောင့်ကိုကို တို့ကျောင်းကိုပြောင်းခိုင်းရမည်"ဦးငယ် ဒယ်ဒီကော "
"စာဖတ်ခန်းထဲမှာထင်တယ် သမီး....."
နောင့်ဦးငယ်ပြောတာနဲ့ ချက်ချင်း စာဖတ်ခန်းသို့ရောက်လာပြီး အခန်းထဲဝင်သွားလိုက်သည်
"ဒယ်ဒီ သမီး ပြောစရာရှိတယ်... ဟင်..."
"ကိုကြီး ဟန်တီ သွားတော့မယ်နော် မွ"
မုန်းစရာကောင်းသည့်မိန်းမ ပင်
နောင့်နဲ့ နောင့်ရဲ့မာမီတစ်ယောက်လုံးရှိနေတာတောင် ဒီမိန်းမက ရဲတင်းလွန်းသည်
ဖယိုဖရဲ အမူအယာနဲ့ နောင့်ကို မျက်စပစ်သွားသေးသည် တောက် .... ကိုကို့ ကိစ္စကပိုအရေးကြီးသည်"နောင့် တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား
ဒီလိုယဥ်ကျေးမှုမရှိတာ ဒယ်ဒီမကြိုက်ဘူး""ဒယ်ဒီ နောင့်စိတ်လော သွားလို့ပါဒယ်ဒီကိုတောင်းဆိုချင်တာရှိတယ် နောင့် စိုင်းစစ်တို့တက်တဲ့ကျောင်းကိုတက်ချင်တယ်"
"ဒယ်ဒီ ပြောတုံးတော့မတက်ချင်ဘူးဆို
အခုဘာလဲ စိုင်းစစ်က နောင့်ကို လက်လွှတ်လိုက်ပြိလား""ဒယ်ဒီ......"
"နောင့် သမီးကိုပြောပြီးသား လုပ်ယူရတဲ့အရာတွေကမတည်မြဲဘူးဆိုတာ သမီး ဒယ်ဒီနဲ့မာမီကိုမမြင်ဘူးလား သမီး သိထားသင့်တယ် စိုင်းစစ်က သမီးကိုဘာကြောင့် ချစ်သူအဖြစ်လက်ခံခဲ့လဲဆိုတာ"
"ဒယ်ဒီ အဲ့ကိစ္စကို မပြောလို့မရဘူးလား
စိုင်းစစ် နဲ့ နောင့် ဘယ်လိုအကြောင်းကြောင့်
တွဲပါစေ ဒယ်ဒီ လည်း သဘောတူတယ်မလား စိုင်းစစ် တို့မိသားစု အသိုင်းအဝိုင်း နဲ့ဆို"
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊