🦋🦋
အမရာ...
ခူးလေးစိုင်းစစ်ထူးရှိန်အမေနှင့်စကားပြောပြီး
ပြန်လာကတည်းကပင်အရင်လိုဝမ်းနည်းနေတဲ့ခံစားချက်လည်းမဟုတ်ပျော်ရွှင်ပြီးအဆင်ပြေသွားသည်ဟုဆိုလည်းမဟုတ်...အသက်မဲ့နေသကဲ့သို့ပင်စကားလည်းမပြောငိုနေတာကမှတော်သေးသည်မလား......အမရာမေးချင်ပေမဲ့ခူးလေးကြည့်ရတာတစ်ခုခုကိုဆုံးဖြတ်ထားသူပင်မလို့မမေးတော့ဘဲအရိပ်တကြည့်ကြည့်ဖြင့်....လားရှိုးကနေတောင်ကြီးရောက်သည်တိုင်ခူးလေးဆီကစကားသံတစ်ခုပင်ထွက်မလာ...ကားစင်းလုံးပြတ်အိမ်တိုင်ရာရောက်မလို့
ခူးလေးတို့အိမ်ကိုအရင်ဝင်ပို့ပေးလိုက်သည်၊၊ခူးလေးဟာအိမ်ထဲဝင်သည့်တိုင်အမရာတို့အသာထားသူမအိမ်ကလူတွေကိုတောင်နှုတ်မဆက်ဘဲအပေါ်
ထပ်ကိုတန်းပင်တက်သွားသည်....ဘာလို့များဒီလိုတွေဖြစ်ရတာလဲ.....
အမရာ....အဖူး....ခူးလေး...
သုံးယောက်လုံးသည်အချစ်ရေးရာကို serious
ဖြစ်ခဲ့ကြသူမဟုတ်သလို...အချစ်ကိုကိုးကွယ်သူများလည်းမဟုတ်ပါ..လွဲမှားနေကြတာပင်....အမရာကတော့ကံကောင်းသည်ပြောရမည်...
အယ်နှင့်ပတ်သတ်လျှင်ဘာမှစိုးရိမ်စရာမရှိ...
အယ်ကသာအမရာကိုစိုးရိမ်နေသည်တဲ့....
ဖြစ်သင့်ပါတယ် အမရာက
စိတ်ကဘုကဘောက်....ကိုက သူငယ်ချင်းနှစ်ယောက်အတွက်အမြဲကာကွယ်ပေးပြီးအမကြီးအမိရာမိသားစုလိုစောင့်ရှောက်နေရသူမလို့ ရှေ့ဆက်
ဖူးနှင့်ခူးအတွက်သာရင်မောရဦးမည်....
ခူးလေးအိမ်ကမိဘတွေကိုနှုတ်ဆက်ပြီးတာနဲ့
အမရာတို့လည်းကိုယ့်အိမ်ကိုသာ
ပြန်လာခဲ့ကြသည်၊၊***************
"ဒေါက်ဒေါက်......သမီးငယ်....
မေမေဝင်လာမယ်""ဟုတ်မေမေ..."
"သမီးငယ် နေမကောင်းလို့လားရောက်ကတည်းကစိတ်နဲ့လူနဲ့မကပ်သလိုဘဲ...သမီးတို့သားစစ်ဆီ
အလည်သွားတာဆို ဘာအကြောင်းများရှိလို့လဲသမီးငယ်...မေမေမနက်ကကြားတာ...သားစစ်နေတဲ့ခြံကိုရောင်းလိုက်ပြီတဲ့...ဘိုးစိန်နဲ့မမြတောင်
မေမေတို့ကိုနှုတ်ဆက်ကြောင်းပြောသွားပြီ""ဟင်.....ဘေးအိမ်ကိုရောင်းလိုက်ပြီ"
"ဟုတ်တယ်သမီး...အစကမေမေတို့ဝယ်မလို့ဘဲ
ရောင်းပြီးပြီးဆိုတော့မမေးတော့တာသမီးငယ်
ဘာတွေဖြစ်လာလို့လဲ နေမကောင်းဘူးလားမျက်နှာလည်းမလန်းဘူး"
YOU ARE READING
Tape Love Painting (OC)
Romanceဒီဘဝ အတွက်ကော နောင်ဘဝ အတွက်ကော ဆုပန်ပါရစေ အချစ် ဝဠ်တွေ ကြေပါစေ သား၊၊ Start date - 30.6.2024🌊 End date - 4.10.2024🌊 Book cover - Pinterest 🖋️ ယခုဇာက်လမ်းပါအဖြစ်အပျက်/အကြောင်းအရာများသည်စာရေးသူ၏စိတ်ကူး ရေးသားမှုသာဖြစ်သည်၊၊