အပိုင်း(၂၂)🦋

6K 179 16
                                    


🦋🦋🦋

စိုင်းစစ်ထူးရှိန် ဘာတွေမြင်လဲ"

"လူတွေက ကျွန်တော့်အကြောင်းကိုပြောနေကြတယ်...လှောင်နေကြတယ်...မဟုတ်ဘူးကျွန်တော်မဟုတ်ဘူး...အီး....ဦးရီးတော်က ကျွန်တော်ကိုသေနပ်နဲ့ပစ်တယ်...အီးကျွန်တော်ကြောက်တယ်.."

"ဘာလို့ဒီအကြောင်းတွေကိုတစ်ယောက်ထဲကြိတ်ခံစားခဲ့တာလဲ မိဘတွေကိုဘာလို့မပြောခဲ့တာလဲ"

"ပြောလို့မဖြစ်ဘူး...မဲ့က အရမ်းနူးညံ့တာ အငိုလွယ်တယ်ဒီအကြောင်းတွေကြားရင်မဲ့ငိုမှာ မပြောချင်ဘူး..ဖော့က မကြိုက်ဘူး ဖော့ကဒီလိုတွေပြောရင်အပြစ်ပေးတယ်..စော်ဘွားမျိုးရိုးလေ.."

"၉နှစ်လုံးဒီအကြောင်းတွေကိုတစ်ယောက်ထဲကြိတ်ခံစားခဲ့တာလား"

"မဟုတ်ဘူး...ကျွန်တော်ချစ်တဲ့ ကောင်မလေးကိုပြောပြခဲ့ဖူးတယ်..သူမကကျွန်တော့်ဘဝကိုကောင်းမွန်စေခဲ့တယ်နွေးထွေးစေတယ်သူမကြောင့်ကျွန်တော့်ခံစားချက်တွေပြန်ကောင်းလာခဲ့တယ်သူမကကျွန်တော့အတွက် အမှောင်ထုထဲကိုအလင်းလေးကျလာသလိုဘဲ ဘုရားပေးတဲ့ဆုလာဒ်ဒါပေမဲ့...အား....အီး.....မဟုတ်ဘူး
သူမမဟုတ်ဘူး....သူမကဒီလိုပြောတာမဟုတ်ဘူး..
အား........"

"ဆရာမလေးတို့ သေချာချုပ်ပါ အကူဆရာမ
စိတ်ငြိမ်းဆေး ပေး....မြန်မြန်..."

"အား....တောက်....."

သတိမရှိဘဲ အိပ်မွေ့ချခံထားရတာတောင်မှ လူနှစ်ယောက်ကဝိုင်းချုပ်ပြီးဆေးထိုးမလို့လုပ်တာတောင် ရုန်းလိုက်တာကြောင့်ဆေးထိုးအပ်ကထိုးမယ့်နေရာမရောက်ဘဲကျိုးသွားသည်၊၊ဘယ်လောက်
တောင်အမှောင်ထုစိတ်တွေလဲ...

"နောက်တစ်ချောင်းမြန်မြန်...သေချာချုပ်ထား"

"ကျစ်...သေချာချုပ်ထား....နောက်တစ်ချောင်းပေး"

ဆေးထိုးအပ်သုံးချောင်းမြောက်မှသာထိုးခွင့်ရပြီ အခြေအနေပြန်ငြိမ်သွားသည်၊၊ပထမရက်ကုထုံးမှာပင်တော်တော်ပင်ဆိုးရွားသည်၊၊ဒီလိုဆိုကုထုံးကကြာမှာသေချာပင်...

"ဒေါက်တာ ခြယ့်သား
ဘယ်လိုလဲအဆင်ပြေရဲ့လား"

"ပြေပါတယ်...တအားအဆိုးကြီးမဟုတ်ပေမဲ့ အချိန်တော့ယူရမယ်cctvတပ်ထားတာဆိုတော့ကုထုံးကိုတော့ကိုယ့်ကိုဘဲကြည့်လိုက်ပါ သိထားသင့်တယ်ထင်လို့ပါ"

Tape Love Painting (OC)Where stories live. Discover now