အပိုင်း(၂၃)🦋

5.6K 173 18
                                    

🦋🦋🦋🦋

အမရာ တို့ ခူးကိုအိမ်ပြန်
ခေါ်သွားဖို့အဆင်မပြေတာကြောင့်..
အမရာနဲ့အယ်မင်းတို့ရဲ့ အပန်းဖြေအိမ်လေးကို ခေါ်လာခဲ့သည်၊၊တစ်လမ်းလုံး
ငိုဘဲငိုနေသည့်ခူးကြောင့်အမရာပင်
ပြောစရာစကားလုံးရှာမတွေ့သည်အထိပင်.....

အဖူးကလည်း...သူနေမကောင်းလို့
ခူးကိုသေချာဂရုစိုက်ပေးလိုက်ဆိုပြီးစာပို့ထားတာကြောင့်...အမရာနဲ့ အယ်မင်းနှစ်
ယောက် ကသာ...ခူးကိုနှစ်သိမ့်နေရသည်...

"ရာရာ... မောင်ကအဲ့လိုလူမဟုတ်ပါဘူး
မောင်က မလိကိုသိပ်ချစ်တာ...
မောင်မှာအကြောင်းတစ်ခုခုရှိလို့နေမှာပါနော်..အီး"

"ခူး...မငိုပါနဲ့....ရာရာ
ခူးငိုတာမမြင်ရက်ဘူး...
ဒီမကောင်းတဲ့ကောင်ကြောင့်
မငိုနဲ့ခူး.."

"အယ်မင်း......အမရာကိုပြောပေး...
မောင်ကမကောင်းတဲ့သူမဟုတ်ဘူး....
မလိသိတယ်...
မောင်တစ်ခုခုဖြစ်နေတာနေမှာ....
မလိအိက်မက်မက်တယ်...
မောင်ကမလိဆီပြန်လာချင်တာ...
ဟင့်....သူပြန်လာလို့မရဘူးတဲ့...အီး.....
မောင့်ကိုတွေ့ချင်တယ်...
မောင်နဲ့တွေ့မှအားလုံးရှင်းမှာ....
အီး.."

"အင်းပါ ခူးမငိုပါနဲ့ကွာ...
ကိုမင်းလည်း စိုင်းစစ်က
ဒီလိုလုပ်တာမဖြစ်နိုင်ဘူးလို့
ထင်တယ်...ကိုတို့လားရှိုးလိုက်
သွားကြမယ်လေ..."

"အယ်....ဘာလိို့လိုက်သွားရမှာလဲ...
ဒီကောင်နွားဇာက်ခင်းတာ
ဟန်ပြည့်ပြတဲ့vedioကသက်သေဘဲ..
အစကတည်းကမယုံသင့်တာ
အလကားကောင်"

"ရာရာ...မပြောပါနဲ့...
မောင့်အကြောင်းမလိသိတယ်
မလိတို့သွားရအောင်နော်...
မောင်တစ်ခုခုဖြစ်နေတာနေမှာ...အီး.."

"ဘေဘီ...ကိုတို့အပန်းကြီးတာမဟုတ်ဘူး...
ခူးစိတ်ချမ်းသာအောင်ကိုတို့လိုက်သွားရအောင်ပါကွာ...နော်.."

"ကောင်းပြီလေ...ဒီအပတ်တော့မရဘူး...နောက်အပတ်လောက်မှ
ကျေနပ်ပြီလားခူး မငိုနဲ့တော့
ငိုရင် မလိုက်ဘူး.."

"အီး.....ဟင့်....ကျေးဇူးနော်.."

အမရာ....ခူးကိုသနားပေမဲ့....ဟိုကောင်ကိုတော့သွားတွေ့တာမျိုးလက်မခံပါ....ဘယ်လိုပင်ဖြစ်စေသွားတွေ့မယ်ဆိုရင်တောင်...ခူးအတွက် ပင်...အတတ်နိုင်ဆုံးတော့အချိန်ဆွဲထားမှ...ဒါမှဒင်းကိုတွေ့တာနဲ့ လုံးသတ်ဖို့ အင်အားရှိမည်...

Tape Love Painting (OC)Where stories live. Discover now