အပိုင်း(၁၄)🦋

7.1K 125 7
                                    

🦋🦋🦋🦋

မလိတို့ ချစ်သူဖြစ်တာ ၁ လပင်ပြည့်ပြီ....
မလိတို့၂ယောက်ရဲ့သမီးရည်စားဘဝက အခက်အခဲတွေဖြတ်ကျော်လာလို့လားမသိပါ....

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိသည်....မောင်က ကုမ္ပဏီ မှာ CEO ဆိုတော့ နေ့တိုင်းတော့ စာရင်းတွေကို သွားစစ်ရတယ်...တစ်ခါတစ်လေအလုပ်များမှသာ... ကုမ္ပဏီမှာတစ်နေကုန်နေတာလေ....

အရေးကြီးကိစ္စ မရှိရင်တော့ အတွင်းရေးမှူးနဲ့ထားခဲ့လိုက်ပြီး...နေ့တစ်ပိုင်းနဲ့သာ အိမ်ပြန်သည်.....မောင်ကစေ့စပ်သေချာတဲ့သူ
မလို့....မောင့်လက်အောက်ငယ်သားတွေကချစ်ကြောက်ရိုသေကြသည်.....
မောင့် ကုမ္ပဏီ ကလည်းအခုဆိုတစ်ဟုန်ထိုးတိုးတက်နေပြီး......ဝန်ထမ်းတွေလည်းတိုးလာပြီ‌ေလေ.....

မလိလည်းအတူတူပင်....khuu Gardenကအခုဆို နိုင်ငံခြားသားတွေပါလည်ပတ်လာတာကြောင့်....ပိုမိုတိုးတက်လာသည်...မလိကတော့ မနက်ခင်း၈နာရီဆို အိမ်ကထွက်...၃နာရီလောက်ဆိုအိမ်ပြန်ရောက်ပြီ....

မောင်က အမြဲလာကြိုပြီး ဒိတ်တာ
ကြောင့်.....မလိတို့ အလုပ်ကိုယ်စီနဲ့လည်း....သမီးရည်စားဘဝကို အချိန်ပေးနိုင်ကြပါတယ်......

ဒီနေ့ အတွက် anniversary လုပ်ဖို့ မောင်က နေ့လည်ကျရင် လာခေါ်မယ်တဲ့.....

မလိ အိတ်ထဲက
လက်ဆောင်ဘူးလေးကိုထုတ်ပြီးကြည့်လိုက်သည်....မောင့်အတွက် ၂လလောက် preorderတင်ထားတဲ့ LV Maison's collection of men's perfumes setထဲ ကနေ Lv Lover scent
perfumeလေး ...

မောင် ကြိုက်တဲ့ရေမွှေးလေး orderမရလိုက်လို့ဆိုပြီး မလိကို ပြောသေးတယ်....တကယ်တော့မလိက မောင့်ဖုန်းယူကြည့်ရင်းမှာနေတာတွေလို့ cancel လုပ်ပြီး suprise ပေးချင်တာဖြစ်သည်....

ချစ်သူသက်တမ်း၁လဆိုပေမဲ့ မလိတို့ချစ်ခြင်းက စစ်မှန်သည်မဟုတ်လား...ထပ်တိုးအနေနဲ့ suprise တစ်ခုပြင်ထားသေးသည်....မောင်သဘောကျမယ်မှန်းမလိ အာမခံရဲသည်....

********
စိုင်းစစ်....
ဒီနေ့က ချစ်ရတဲ့ကောင်မလေး နဲ့ ချစ်သူသက်တမ်း၁လပြည့်ဆိုတော့ အရမ်းပျော်ရွှင်နေမိသည်....ရည်စားတွေထားခဲ့ဖူးပေမဲ့ တစ်ခါတစ်လေနာမည်တောင်မေ့တဲ့အချိန်ရှိဖူးတယ်.....ကိုယ်ချစ်ရတဲ့ကောင်မလေးကျမှ....သေချာဒိတ်တွေမှတ်ထားပြီး....အချစ်လေးအတွက် အကောင်းဆုံးတွေသာဖန်တီးပေးချင်သည်.....

Tape Love Painting (OC)Where stories live. Discover now